Professional Authors

ပြဿနာ

ကျွန်တော် နှင့် ပြဿနာသည်
ခွဲမနိုင်ခွာမရနှင့်
ငယ်ပေါင်းများလိုချစ်ကြ၏။

ပြဿနာကိုကား
ကျွန်တော်မနှစ်သက်
နှင်ထုတ်သည်…
ရန်လုပ်သည်….
ဘုပြောသည်….
…သို့ သော်…
သူ ကကျွန်တော့်ထက်
အရေထူသည်။

ပြဿနာသည် လူပေါင်းဆံသောကြောင့်
နေရာတိုင်းတွင်သူရှိနေသည်။
သူ့ ကြောင့်ပြဿနာ ဖြစ်မည်စိုးသောကြောင့်
သူ့  ကိုကျွန်တော် လိုက်လံရှာဖွေရသည်။
ကျွန်တော်သည်လည်း ပြဿနာကိုရှာဖူးသည်။

တွေ့ ပြန်လျှင်လဲ ရန်မဖြစ်အောင်ကျွန်တော်ကရှောင်ရသည်
ပြဿနာအား ကျွန်တော်ကြည့်မရပေ
ပြဿနာသည် ပြဿနာများကိုသာ
လုပ်သောကြောင့်ဖြစ်သည်။
ထိုကိစ္စကြောင့်…
ပြဿနာ နှင့် ကျွန်တော်
ပြဿနာ ဖြစ်ခဲ့ကြဖူးသည်။

In: ကဗျာ Posted By: Date: Feb 14, 2012
Comment #1

သြော်…အဲလိုပါပဲဗျာ…
ကြိုက်တယ်ဗျ။

commentinfo By: poem.poem28 at Feb 14, 2012
Comment #2

ဒီလိုမှန်းသိရင် ဒီကဗျာမဖတ်ဘူး
အခုတော့ကဗျာဖတ်ပြီးမှ ကိုယ့်အကြောင်းကိုယ်ပိုသိသွားတယ် ကျွန်တော်ဒီလောက်တောင်ဘဲဆိုးလားဗျာ 🙁 (နောက်တာပါ)
ကဗျာလေး တယ်ကောင်းသဗျ
ကျွန်တော်တောင် ဒီကဗျာကလိုအတွေးမျိုးလေး တစ်ခါမှမတွေးဖူးဘူး
ဖတ်သွားတယ်ဗျာ ။

commentinfo By: X - ray at Feb 14, 2012
Comment #3

he,,he,,
who is ur pyat-ta-nar?
huhhhhhhhhhh
daw daw soe tar pe naw,,
dar lay pe chit nay ya tar,

commentinfo By: ei lay at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment