Professional Authors

Valentine မော်ကွန်း

မျော်လင့်ခြင်းတွေ တစ်ပုံတပင်နဲ့
စောင့်ခဲ့ဖူးတဲ့ ရက်တွေအထဲမယ်
အကြွေ…………………………..
အလွင့်……………………………
တစ်ဖက်သတ် စွဲချက်တို့နဲ့တွေး
Valentine’s Day ဆိုတဲ့ ဝေါဟာရကို
(ကျွန်တော်တို့…)
ထင်ကြေးနဲ့ အနက်ဖွင့်ကြမယ်….
……………………………………………။

သမိုင်းမှာလည်း မတွင်ဘူး…
ရာဇဝင်မှာလည်း မထားဘူး…၊
ကျောက်စာတွေမှာလည်း မရေးဘူး…
ဆိုရိုးစကားလည်း မကြားဖူးဘူး…၊
……………………………………………
၂၀ရာစုရဲ့ သတ်မှတ်ချက်နဲ့ တီထွင်
Saint Valen….  ကိုရည်ရွယ် စို့တဲ့..၊
ချစ်သူများနေ့ လို့သတ်မှတ်
လူတွေ ပါးစပ်မှာ ရေပန်းစားခဲ့တယ်…
…………………………………………….။

ခါးသီးမှုတို့ ချိုသာတယ်တဲ့
ပြောစကားဟူသမျှ သာယာလို့
ကမ္ဘာတစ်ခုလုံး အသိအမှတ်ပြုတဲ့နေ့
ကျွန်တော် မေ့ချင်မေ့နေတတ်တယ်…
…………………………………………….။

နိုးထဖို့ အားယူတဲ့အခါ
လိုအပ်မှုတို့ကလည်း
ရှိမြဲပဲ မဟုတ်လား..၊
မျဉ်းဖြောင့်တိုင်း မကွေးဟု ဆိုသော်လည်း
ကိုယ်သတ်မှတ်တဲ့ (Law ) တစ်ခုနဲ့ပြောမယ်..၊
အမှတ်မရဆုံးနေ့လို့ သတ်မှတ်
လက်မခံတဲ့နေ့လို့ ယူဆ
(ဟော့ဒီ Valentine)
ဘယ်တုန်းကမှ စိတ်ကူးတွင်
အရာမဝင်ခဲ့တဲ့နေ့ပါ…
……………………………..။

ကျောက်စာတင် မော်ကွန်းထိုးပြီး
ဟိုးးးးး နှစ်ပေါင်းများစွားအထိ ရှင်သန်
ဒီရာဇဝင်(Valentine) မှာ…
အသဲကွဲ အသိုက်ပျက်
သင်းကွဲငှက်တစ်ကောင် အထီးကျန်နေမယ်…
………………………………………………….။။   ။။
                                                            ဇော်သက်ဦး

In: ကဗျာ Posted By: Date: Feb 13, 2012
Comment #1

မိုက်…………….မိုက်………….မိုက်………..မိုက်တဲ ~~
အရေးအသားက တယ်မိုက်သဗျ
အားမငယ်ပါနဲ့ VD မှာအသဲကွဲတာအစ်ကိုအရိပ်တစ်ယောက်တည်းမဟုတ်ပါဘူး
ကျွန်တော့ရင်မှာလည်း VD ဆိုတာအခုမမွေးဖွားသေးဘူး
ကဗျာကောင်းလေးမို့ ခံစားအားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Feb 13, 2012
Comment #2

ကျောက်စာတင် မော်ကွန်းထိုးပြီး
ဟိုးးးးး နှစ်ပေါင်းများစွားအထိ ရှင်သန်
ဒီရာဇဝင်(Valentine) မှာ…
အသဲကွဲ အသိုက်ပျက်
သင်းကွဲငှက်တစ်ကောင် အထီးကျန်နေမယ်…
………………………………………………….။။ ။။
..အဲလိုပဲ…….သင်းကွဲနေတဲ့ ရာသီခွင်တခု…ငြိမ်သက်…အဖော်မံနေမယ်….
……………
တယောက်မဟုတ်ပါဘူး..မောင်လေးရယ်
မမိုးအားပေးသွားတယ်

ဗာလာအီးမောင်လေး X-Ray လည်းတူတူရှိတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Feb 13, 2012
Comment #3

ကိုဇော်သက်ဦး အားပေးသွားပါတယ်ဗျာ…….
နည်းနည်း တူသွားလို့ …..:)

commentinfo By: moehtetaung18 at Feb 14, 2012
Comment #4

သြော်…ဘ၀တူတွေပါပဲ…အတူတူပဲ

commentinfo By: poem.poem28 at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment