Professional Authors

မှတ်မှတ်ရရ တနင်္ဂနွေ

ကောင်မလေးရေ…

ပိုးဝတ်စုံဖြူလွလွနဲ့

နင်သိပ်လှနေပါလား….။

ပုဝါပါးအောက်က မျက်ဝန်းတစ်စုံမှာ

အရင်ကလို သိမ်မွေ့နူးညံ့မှုတွေ

ရှိနေသေးရဲ့လား….။

အဖြူရောင်ဆိုတာ

သစ္စာတရားကို ကိုယ်စားပြုတယ်နော်၊

နင့်ရင်ပေါ်က ပန်းနုနှင်းဆီဟာ

ချစ်ခြင်းမေတ္တာသင်္ကေတ…

ငါ…မှတ်မှတ်ရရ…ကြေကွဲမိပါတယ်။

နံ့သာရောင်ဖောင်းကြွကဒ်ပေါ်က

အလွတ်ရဘူးခဲ့တဲ့ ပုလဲသွယ်တန်းဟာ

ငါ့နာမည် ဘာကြောင့်ဖြစ်ရတာလဲ…

ငါ့ဝေဒနာတွေကို ပွဲတော်တည်ချင်တာလား…

(ဒါမှမဟုတ်…) နင့်အပျော်တွေကို ဝေမျှချင်တာလား…။

ငါကတော့လေ…ရှုံးနိမ့်မှုတွေရဲ့ကိုယ်စား

နောက်ဆုံးအပြုံးလေး မြင်လေမလားလို့

(သစ္စာပန်းတစ်စည်းနဲ့…)

အခမ်းအနားတက်ခဲ့တာ။

ငါ့ကမ္ဘာတစ်ခြမ်းတော့…ဖိတ်စာကမ်းသူရဲ့လက်မှာ

တစ်စစီကြွေနှင့်ပြီလေ….။ ။

In: ကဗျာ Posted By: Date: May 23, 2010
Comment #1

တကယ်ကိုကြိုက်ပါတယ်။
ခံစားချက်တူနိုင်တဲ့သူအတွက်ပါ

commentinfo By: angel at Jun 15, 2010
Comment #2

good …

“““ ငါကတော့လေ…ရှုံးနိမ့်မှုတွေရဲ့ကိုယ်စား

နောက်ဆုံးအပြုံးလေး မြင်လေမလားလို့

(သစ္စာပန်းတစ်စည်းနဲ့…)

အခမ်းအနားတက်ခဲ့တာ။

ငါ့ကမ္ဘာတစ်ခြမ်းတော့…ဖိတ်စာကမ်းသူရဲ့လက်မှာ

တစ်စစီကြွေနှင့်ပြီလေ….။ ။ “““`

ဒီနေရာလေးကို အရမ်းကြိုက်တယ် ရှင်
တပုဒ်လုံးကို လည်း ကြိုက်ပါတယ် ။

commentinfo By:ူlwanhlainge at Jun 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment