Professional Authors

“ ဖေဖော်ဝါရီတစ်ဆယ့်သုံး ( သို့ ) ရင်ထဲက မွေးနေ့ ”

ခေါင်းရင်းထရံမှာ ချိတ်ဆွဲထားတယ်

သင့် ရင်ထဲမှာကော ချိတ်ဆွဲထားပါသလား

 

ပါဆယ်အိတ်တွေ လဲ

အသဲပုံတွေ ဆွဲ

ဒီတစ်ရက်ထဲနဲ့ ကမ္ဘာပတ်ချင်သူတွေလည်းအများသား …

 

ဘယ်နားကိုပဲ ကြည့်ကြည့်

ပျော်စရာအတိပါပဲဆိုတဲ့ ဖေဖော်ဝါရီရဲ့ တစ်ဆယ့်လေးရက်

ချစ်သူများနေ့ဆိုပြီး ဂုဏ်တက်ခဲ့တာပေါ့ …

 

ပြန်တော့ ငေးမကြည့်နဲ့

တစ်နေ့ကဆိုတာကိုလည်း မြန်မာတိုင်းသိတယ်

အစိုးရ ရုံးပိတ်ရက်

ကုမ္ပဏ္ဏီတွေ အလုပ်ပိတ်ရက်

ကျောင်းတွေအားလုံး ပိတ်တဲ့ရက်

ဘက်(စ်)ကားတိုင်းမှာ နိုင်ငံတော်အလံတပ်တဲ့

ဖေဖော်ဝါရီရဲ့ တစ်ဆယ့်နှစ်ရက်

ပြည်ထောင်စုနေ့လို့ မှတ်ထားကြတယ် ။

 

အလယ်မှာမို့ လပ်နေတာလား …

ပြည်ထောင်စုနေ့နဲ့ ချစ်သူများနေ့ကြားမှာ

မေ့ထားခံရတဲ့ ဘ၀ပဲဖြစ်နေတာလား …

 

တစ်ခုလောက်မေးပါရစေ သူငယ်ချင်း …

မနေ့က ဘာနေ့ပါလိမ့် … ?

In: ကဗျာ Posted By: Date: Feb 12, 2012
Comment #1

အလယ်မှာမို့ လပ်နေတာလား …
ပြည်ထောင်စုနေ့နဲ့ ချစ်သူများနေ့ကြားမှာ
မေ့ထားခံရတဲ့ ဘ၀ပဲဖြစ်နေတာလား …

commentinfo By: kantkawmg at Feb 12, 2012
Comment #2

ပြန်တော့ ငေးမကြည့်နဲ့

တစ်နေ့ကဆိုတာကိုလည်း မြန်မာတိုင်းသိတယ်

အစိုးရ ရုံးပိတ်ရက်

ကုမ္ပဏ္ဏီတွေ အလုပ်ပိတ်ရက်

ကျောင်းတွေအားလုံး ပိတ်တဲ့ရက်

ဘက်(စ်)ကားတိုင်းမှာ နိုင်ငံတော်အလံတပ်တဲ့

ဖေဖော်ဝါရီရဲ့ တစ်ဆယ့်နှစ်ရက်

ပြည်ထောင်စုနေ့လို့ မှတ်ထားကြတယ် ။

commentinfo By: zawthetoo at Feb 13, 2012
Comment #3

ကောင်းတယ်ဗျာ .. အားပေးသွားပါတယ်

commentinfo By: thetnaung at Feb 13, 2012
Comment #4

ကဗျာက နောက်ပိုင်းရောက်မှဖတ်ရတာပိုအနှစ်သာရရှိသဗျ
အရေးအသားကိုတော့ လေးစားမိတယ်ဗျို့!!!!!!!

commentinfo By: X - ray at Feb 13, 2012
Comment #5

ဟုတ် ကျေးဇူးပါဗျာ။

commentinfo By: ကြယ်စစ်သည် at Feb 19, 2012
Comment #6

ပြည်ထောင်စုနေ့နဲ့ ချစ်သူများနေ့ကြားမှာ

မေ့ထားခံရတဲ့ ဘ၀ပဲဖြစ်နေတာလား …

တစ်ခုလောက်မေးပါရစေ သူငယ်ချင်း …

မနေ့က ဘာနေ့ပါလိမ့် … ?

ဗိုလ်ချုပ်မွေးနေ့ပါ………………

commentinfo By: khin at Jun 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment