Professional Authors

“ ငေါ့မယ် ကျော့မယ် မိုက်မယ် စိုက်မယ် ကြေမယ် သေမယ် ”

စကြ၀ဠာရဲ့ တစ်နေရာမှာ ကျွန်တော်တို့ရဲ့ရွာဆိုတာလေးရှိတယ်

ရွာရဲ့ အနောက်ပိုင်းမှာ မာဖီးဂိုဏ်းကကြမ်းသလို

ရွာရှေ့ဖျားက ယာကူဆာတွေကလည်းရိုင်းတယ် ထားတော့

အဲဒါက ရွာဆော်တွေအပိုင်း

အလယ်ပိုင်းက ပိုမိုက်ကမ်းသေး

နေရင်း ထိုင်ရင်းကို သေသေ ပြ အဲဒါလည်း မိုက်သွေးပြတယ်ပြောတာပဲ ထားတော့

ရွာရဲ့ အချို့အ၀န်းအ၀ိုင်းမှာ ဓါတုတွေစမ်းတယ် သပ်တယ် ထွင်တယ်

ပြင်ဆင်တုန်းကတော့ သုခအတွက်ပဲ

ကိုယ့်ဒုက္ခ ကိုယ်ခံချင်ကြတော့ သုခတစ်ခန်းရပ် အဲဒီ့နားမှာ          ဆင်ဆာဖြတ်တယ်

ထားတော့ ဒါက ဆေးအတွက်လေးတဲ့အပိုင်း

လောဘအသိ ဒေါသအသိ မောဟအသိတွေနဲ့

ဒေါက် . . . ဒေါက် . . . ဒေါက်

ကိုယ့်အိမ်အမိုး ကိုယ်ပြန်ခေါက်တယ် ခပ်ဖြည်းဖြည်းပေါ့ ထားတော့

ဒါက မီးမွှေးသူတွေအပိုင်း

ရွာရဲ့ အပိုင်နံပါတ် ( ) ကိုယ့်ခြံ ကိုယ်ခတ်

ဧည့်သည်မခေါ်ဘူး ၀င်တဲ့သူဆော်မယ်

သြော် … မင်းလားကွသိကြား တော်ရာမှာသွားနေစမ်းပါ

အဲဒီ့လို အပိုင်းပိုင်းနဲ့ လူမိုက်ဆိုတဲ့လိုင်းတွေများတဲ့ ကျွန်တော်တို့ရွာ

ထားတော့ နောက်တစ်မျိုးနဲ့ ပြင်ဆင်ဖို့ကြိုးစားကြတာပေါ့

ငေါ့သင့်တဲ့နေရာငေါ့တာပေါ့ ကျော့သင့်တဲ့နေရာကျော့တာပေါ့

မိုက်သင့်တဲ့နေရာမိုက်တာပေါ့ စိုက်သင့်တဲ့နေရာစိုက်တာပေါ့

ကြေသင့်တဲ့အခါကြေကြတာပေါ့ သေသင့်တဲ့အခါသေကြတာပေါ့

In: ကဗျာ Posted By: Date: Feb 12, 2012
Comment #1

ကဗျာလေး ဖတ်သွားတယ်ဗျ ။

commentinfo By: X - ray at Feb 12, 2012
Comment #2

ခေါင်းစဉ်ကိုဖတ်လိုက်ရကတဲကလေးစားနေပီ.
ကျန်တာကိုတော့မပြောတော့ဘူး………:p

commentinfo By: May Kha at Feb 13, 2012
Comment #3

ဟုတ်ကဲ့ ကျေးဇူးပါ။

commentinfo By: ကြယ်စစ်သည် at Feb 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment