Professional Authors

လူနာ

လူနာ

အိပ်ရာထက်မှာ သူဟာတွန့်ကြေလို့နေတယ် သူဟာစောင်အိုလေးတစ်ထည်ပါ
ရိပြဲနေတဲ့နေရာတွေများလို့ အသားစတွေလည်းစုတ်နေခဲ့ပါပြီ
သူဘယ်လိုပဲ ကြိုးစားပေမယ့် ဘယ်သူ့ကိုမှ အနွေးဓာတ် လုံလုံလောက်လောက်မပေးနိုင်တော့ဘူးလေ

မကြာခင်သူဟာ စွန့်ပစ်ခံရတော့မယ့် စောင်အိုလေးပါ….

ခွက်လေးတစ်ခွက်ထဲမှာ သူ့ရပ်တည်မှု့က ဖရိုဖရဲနိုင်လွန်းတယ် သူဟာသွားပွတ်တံဟောင်းလေးတစ်ချောင်းပါ
အသုံးပြုခံအချိန်တွေများလို့ အတွေးစတွေလည်း တုံးဖွာနေခဲ့ပါပြီ
သူဘယ်လိုပဲ ဆန္ဒရှိပေမယ့် ဘယ်သူ့ကိုမှ သန့်စင်ခြင်းကိုမပေးနိုင်တော့ဘူးလေ
မကြာခင်သူဟာ မေ့လျော့ခံရတော့မယ့် သွားပွတ်တံဟောင်းလေးပါ…

တိတ်ဆိတ်ခြင်းတေးသွားနဲ့ သူဟာစိတ်ပျောက်လို့နေတယ် သူဟာလူနာတစ်ယောက်ပါ
လျော့တိလျော့ရဲ အပြုံးတွေများလို့ စကားစတွေလည်း ကြေမွနေခဲ့ပါပြီ
သူဘယ်လိုပဲ ပြောချင်ပေမယ့် ဘယ်သူ့ကိုသူရှိကြောင်းမသိစေနိုင်တော့ဘူးလေ
မကြာခင်သူဟာ လောင်မြိုက်ခံရတော့မယ့် လူနာပါ….။….။

မြေနံ့
၇.၁၂.၂၀၁၁
[email protected]
www.sofarawayfromyou88.blogspot.cm

In: ကဗျာ Posted By: Date: Feb 12, 2012
Comment #1

ဟာ…………..သေလို့ရတယ် လုံးဝသေလို့ရတယ် စကားလုံးတွေက
ကဗျာကဖတ်လို့ကောင်းလွန်းလို့ ဖတ်ရတာတောင်အားမရဘူးဗျာ
ကဗျာအရေးအသားက တကယ်ကိုပြောင်မြောင်လွန်းတယ်
ကဗျာတစ်ပုဒ်လုံးကို နှစ်သက်တယ်ဗျာ
ဒီကဗျာက စာရေးသူအတွေးအခေါ်ကိုလည်း လေးစားတယ် ။

commentinfo By: X - ray at Feb 12, 2012
Comment #2

ခွက်လေးတစ်ခွက်ထဲမှာ သူ့ရပ်တည်မှု့က ဖရိုဖရဲနိုင်လွန်းတယ် သူဟာသွားပွတ်တံဟောင်းလေးတစ်ချောင်းပါ
အသုံးပြုခံအချိန်တွေများလို့ အတွေးစတွေလည်း တုံးဖွာနေခဲ့ပါပြီ
သူဘယ်လိုပဲ ဆန္ဒရှိပေမယ့် ဘယ်သူ့ကိုမှ သန့်စင်ခြင်းကိုမပေးနိုင်တော့ဘူးလေ
မကြာခင်သူဟာ မေ့လျော့ခံရတော့မယ့် သွားပွတ်တံဟောင်းလေးပါ…

commentinfo By: May Kha at Feb 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment