Professional Authors

သခင်

သခင်…..
တကယ်ပဲ တို့ဝေးခဲ့ကြပြီဆိုတဲ့အသိကို
ဦးနှောက်ကလက္ခံပေမဲ့…
နှလုံးသားကတော့ အပြင်းအထန်ငြင်းဆန်နေခဲ့တယ်
သခင်…..
အချစ်ဆိုတဲ့အရာက ရယူပိုင်ဆိုင်လိုမှု
တစ်ခုတည်းရှိတာမှ မဟုတ်တာပဲနော်
တွေးတတ်ရင် ပေးဆပ်ခြင်းဟာလည်း
အချစ်လို့ ကျွန်တော်ထင်တယ်…
သခင်….
မြင်နိုင်မယ်ဆိုရင်
ကျွန်တော့်ရင်ဘတ်တစ်ခုလုံး
အရှုံးတွေနဲ့ဗလာဟင်းလင်း
သခင်သွားမဲ့လမ်းမှာ ခင်းကျင်းထားခဲ့တာ
သခင်တွေ့ရမှာပါ….
သခင်…..
ကျွန်တော့်ဘ၀ထဲ သခင်မရှိတော့တဲ့နောက်ပိုင်း
အနာဂတ်လမ်းတွေ မှုန်မှိုင်းသွားခဲ့ရတယ်
ရှိပါစေတော့ သခင်ရယ်……

(ဒဏ်ရာ)

In: ကဗျာ Posted By: Date: Feb 11, 2012
Comment #1

wow,,
so nice & kind-hearted person..
u’ll get what u give.
great opportunities often disguised as problems.
the door of opportunities is opened by pushing.

commentinfo By: ei lay at Feb 11, 2012
Comment #2

ဖတ်ရတာ နင့်သွားတာပဲ

commentinfo By: kantkawmg at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment