Professional Authors

ကုလားအုတ်တစ်ကောင်ဝင်ဆန့်လာပြီးနောက် လူကြမ်းတစ်ယောက် ခွေခေါက်ပျောက်ဆုံးခြင်း

အချစ်သည်

ထိတ်လန့်စရာကောင်းသော

တစ္ဆေ၀တ္ထုတစ်ပုဒ်သာ

သူ့နေရာနဲ့သူ

ဆင်ခြေဆင်လက်ပြည့်စုံစွာတည်ရှိဧ။်

 

ဇန်န၀ါရီ လ ရဲ့ သခင်မမိန်းမပျို

ဖေဖေါ်ဝါရီလမှာ ခင်ဗျားနှစ်ခြိုက်စွာ အိပ်စက်ပါ

 

သူရူးတစ်ကောင်ရဲ့မျှော်လင့်ချက်မှာ

ချစ်သူရှိခြင်းမရှိခြင်းမပါ

အချစ်သက်သက်နဲ့

လွမ်းမောဖွယ်ရာ မနက်ခင်းများက

မှော်ဆန်စွာဆွဲဆောင်ခြင်းသာ

အချိုးကျပါဝင်ခဲ့တယ်

 

အခါးတွေကိုမျိုခဲ့သည်

အသံဝဲ၀ဲမှာနစ်မျောခဲ့သည်

ဓါတ်ပုံများကြည့်ရင်းကြည်နူးခဲ့သည့်

ကျနော့်ရဲ့လိင်ကိစ္စမပါတဲ့ချစ်ခြင်းကို

အဘယ်ကြောင့် အဓ္ဓမ္မပြုကျင့်ရသလဲမြှားနတ်မောင်

ရှင်းလော့ ……………

သင်ရှင်းလော့…..

 

အခြေအနေတစ်ခုကြောင့်

ကလေးတစ်ယောက်လိုသာ

ဖြူစင်သောအချစ်ကြောင့်

စောက်ရူးတစ်ကောင်ကြောင့်

(စောက်ရူးသည်ကျနော်သာ)

ပန်းသီးတစ်လုံး (သို့) နံရိုးတစ်ချောင်း

မဖြစ်သင့်ပဲ………အကျည်းတန်စွာ

ကျဆုံးခဲ့လေဧ။်

 

ရက်များ…လများ…နှစ်များ

ရေတွက်လျင် ကုန်ဆုံးတတ်သော

တစ်နည်းအားဖြင့်..

မရေတွက်သော်လည်း ကုန်ဆုံးနိုင်သော

အချိန်ဟူသည့် ဆေးသည်သာ

အရာရာကို ကုစားပေးနိုင်လောက်ဟု

ပေါ့ဆစွာ မျှော်လင့်မိရဲ့

 

ဖုန်းသံများ

ဂျီတော့ချက်များ

တိတ်ဆိတ်သောပါတ်ဝန်းကျင်များ

ခွေးဟောင်သံနှင့် ကြောင်အော်သံတစ်ချို့က

ယခုအခါ

ကျနော့်ရင်ကို

အဓ္ဓမ္မကျင့်လေပြီ

 

စပျစ်သီးကားမချဉ်ခဲ့

အချစ်ဟူသောကုလားအုတ်သည်

ခေါင်းဝင်၍ကိုယ်ဆန့်လာသောအခါ

ယောက်ျားမဆန်စွာပြေးထွက်ခဲ့ပြီ

ခွင့်လွှတ်ပါမိန်းမပျို

 

မင်းတို့ရဲ့ချစ်မေတ္တာကို မခံစားလို၍

လူကြမ်းတစ်ယောက်ခွေခေါက်လဲကျခဲ့ပြီ

 

မှာတမ်း–မင်းအစားပုံမှန်စားပါ

              လှပသောအိပ်မက်များနဲ့သာပျော်မွှေ့ရစေ

              ကျန်းမာရေးကောင်းစေကွယ်

              ချစ်သူနဲ့ပျော်ရွှင်စေ

              (ဤသည်မှာ လူကြမ်းတစ်ယောက်ရဲ့ ရိုးရှင်းသော ဆုတောင်းလေး

               ”စိတ်ချမ်းသာပါစေ မိန်းမပျို”)

 

မောင်မြတ်သူ

 

In: ကဗျာ Posted By: Date: Feb 9, 2012
Comment #1

ဒီကဗျာဖတ်ပြီးမှ ခေါင်းစဉ်ကိုနားလည်တယ်ဗျ
ကဗျာအရေးအသားက ဆန်းသစ်ထားတယ်ထင်ပါ့
အတွေးအခေါ်ကတော့ တော်တော်လေးမိုက်တယ်
စကားလုံးတွေလည်း အချိတ်အဆက်မိတယ်ဗျ
တစ်ချို့နေရာလေးတွေမှာတော့ စကားလုံးသုံးထားတာမချောဘူးဗျ ဒါကျွန်တော့တစ်ဖက်သတ်အမြင်ပါ လူတိုင်းအတွက်မမှန်နိုင်ပါ
အားမနာတမ်းကဗျာကို ဝေဖန်သွားပါတယ် ။

commentinfo By: X - ray at Feb 9, 2012
Comment #2

so nice,,
great

commentinfo By: ei lay at Feb 10, 2012
Comment #3

အင်းဗျာ
ကဗျာဆိုတာ စကားလုံးနူးညံ့ဖို့လိုတယ်လို့
ကျွန်တော်ထင်တယ်
ဒီကဗျာမှာ တချို့နေရာတွေမှာ ရိုင်းတယ်ဗျာ
မိန်းကလေးတစ်ယောက် ဖတ်ရင် မသင့်တော်ဘူးဖြစ်နေတယ်
ကဗျာက ကြမ်းတယ် ဒါဝေဖန်တာပါပဲ
ကိုယ့်အမြင်ပြောတာပေါ့

commentinfo By: ရွှေကြယ်မိုး at Feb 10, 2012
Comment #4

ဘာပြောရမှန်းတော့မသ်ဘူး.
ဖတ်သွားပါတယ်အစအဆုံး….

commentinfo By: May Kha at Feb 10, 2012
Comment #5

ဟုတ်ကဲ့ ဖတ်သွားပေးတဲ့လူများအားလုံးကိုကျေးဇူးတင်ပါတယ်
ကိုရွှေကြယ်မိုးခင်ဗျာ ကျနော်ဒီကဗျာမှာ စကားလုံးများကိုချပြခြင်းသာပါ ပီးတော့
ခံစားမှုတစ်ခု အကြမ်းစားခံစားမှုတစ်ခု တစ်သီးတစ်သန့်ခြပြ ခြင်းသာပါ
ဘာသာဗေဒကဗျာတစ်ခုကို တည်ဆောက်တဲ့အခါမှာ
နူးညံမှု များ လုပ်ယူထားတဲ့သိမ်မွေ့ခြင်းများ ယဉ်ကျေးမှုများကို
ကျနော်မေ့လျော့ထားပါတယ် ဘာသာဗေဒကဗျာများ( LP) များကို ရေးချိန်မှာ
အထူးသဖြင့်မေ့လျော့နေပါတယ်
ဝေဖန်ပေးတာကို ကျေးဇူးတင်ပါတယ် ခင်ဗျား 😀

commentinfo By: မောင်မြတ်သူ at Feb 10, 2012
Comment #6

လူတော်လို့ပဲပြောခဲ့တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Feb 10, 2012
Comment #7

ကျနော်ညံဆဲပါပဲ မမိုး 😀

commentinfo By: မောင်မြတ်သူ at Feb 11, 2012
Comment #8

အချစ်ဟူသောကုလားအုတ်သည်

ခေါင်းဝင်၍ကိုယ်ဆန့်လာသောအခါ

ယောက်ျားမဆန်စွာပြေးထွက်ခဲ့ပြီ

ခွင့်လွှတ်ပါမိန်းမပျို

မင်းတို့ရဲ့ချစ်မေတ္တာကို မခံစားလို၍

လူကြမ်းတစ်ယောက်ခွေခေါက်လဲကျခဲ့ပြီ

နှစ်သက်စွာ………

commentinfo By: 13th at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment