Professional Authors

*ဘာမှလုပ်စရာမရှိတဲ့လောက*

ညကျရင်ဘယ်အချိန်အိပ်ယာဝင်လို့ဝင်မိမှန်းမသိဘူး…။မနက်ထတော့လဲ..နာရီမကြည့်ဖြစ်ဘူး..။ အိမ်ကလူတွေမနက်စာစားဖို့ဆူညံ့နေ တဲ့အချိန်ဆိုတာပဲသိတယ်။. လက်ဖက်ရည်ဆိုင်ကေ..ဆးလိပ်တစ်ပွဲ၊ကော်ဖီတစ်ခွက်..အဲဒါငါ့မနက်စာပဲ ..။ပြီးရင် Internet ဆိုင်သွားချင်သွားမယ်..။ဒါမှမဟုတ် အိမ်ပေါ်ပြန် တက် ပြီး..ဇာတ်ကားခွေတစ်ခွေ ကြည့်နေ မှာ ပေါ့..။အဲဒါ မှ..အပျင်းမပြေသေးဘူးဆိုရင် လဲ..စာအုပ်ဖတ်ပေါ့..။ဒါပဲ….ရှိ တာ။ဒါပေ မယ့်ပျင်းတာကို ပြေ အောင် လုပ် လေ လေ ပိုပိုပြီးပျင်းလာသလို ပဲ..စိတ်ရှုပ်နေတာကို. ..ပြေ အောင် လုပ် တော့ လဲ ပိုပြီးစိတ်ရှုပ် လာရ တယ်.။အဲဒါ နဲ့ပဲ…အိမ်အောက်ပြန် ဆင်း..လက်ဖက်ရည်ဆိုင်ထိုင်၊internet ဆိုင် သွား….။အပျင်းပြေအောင် လို့…သတိရမိတဲံသူငယ်ချင်းတစ်ယောက်ဆီသွားမလားဆို တော့ လဲ..ဘယ် သူ့ကို မှ သတိ မရတာဆိုးတယ်..။ သတိမရပဲသွားလိုက်ပြန်ရင်လဲ…ဟိုကျရင်ပျင်းနေမှာစိုးရသေးတယ်။ အဲဒါ နဲ့ပဲ…အိမ်ပေါ် တက် ၊အောက်ဆင်း၊ လက်ဖက်ရည်ဆိုင်ထိုင်..။အမေကတော့ပြောတယ်။ အိမ်ပေါ်နဲ့အိမ်အောက်ဆင်းဖို့ ကလွဲရင်ဘာမှမသိတဲ့ကောင်တဲ့…။ မသိတာပဲကောင်းပါတယ်အမေ..။သိရင်လိုက်လုပ်နေရဦးမယ်။အခုသိထားတဲ့..အပေါ်တက်လိုက် ၊အောက်ဆင်းလိုက်လုပ်နေရတာတောင်တော်တော်ညောင်းနေပြီ..။
တစ်ခါကတော့…လမ်းမပေါ် ဖြတ်သွားဖြတ်လာစုံတွဲတွေကို…ကြည့်ရင်း..အပျင်းပြေမလားလို့ရည်းစားထားဘူးတယ်..။ဒါပေမယ့်….ညတိုင်းဖုန်းဆက်နေရတာကိုက..ပျင်းစရာကြီး..။လမ်းမလျှောက်ချင်ပါဘူးဆိုမှ လူလည်ခေါင်မှာတွဲ…သွားပြရဦးမယ်..။
လူကွယ်ရာကျပြန်တော့လဲ..@#$%6^….။ကြာလာတော့လဲ..ရိုးအီပြီးပျင်းလာရတာပါပဲ…။မိသားစုဝင်တွေကတော့..အလုပ်တစ်ခုခုလုပ်ကြည့်ပါလားတဲ့…။မောင်ဖီလာ..အပြောမျိုးနဲ့ပြောရရင်..အသက်၂၀ ၀န်းကျင်ပဲရှိသေးတယ်…။လောကမှာကိုယ့်အတွက်ဘာမှလုပ်စရာမကျန်တာ့ဘူးလို့ထင် နေ တာ.။သေတော့လဲ..ကိုယ့်နောက်ပါတာမဟုတ်..။အခေါင်းထဲမီးရှို့ပြီးရင်ကိုယ်ကပြီးပြီ…။ကျန်ခဲ့တဲ့လူတွေပဲ..မပြီးနိုင်မစီးနိုင်..သတိရတိုင်းဒါကိုအထပ်ထပ်ပြောနေကြတယ်..။အရင်ခေတ်က..ကျော်ကြားခဲ့တဲ့…ဘဲကြီးတွေကိုသနားတယ်..။သူတို့အကြောင်းကို  ရာစုနှစ်ပေါင်းများစွာလူတွေသွားပုပ်လေလွင့်လျှောက်ပြောနေတာ..။ဟိုတစ်လောက..လက်ဖက်ရည်ဝိုင်းမှာ..အဲလိယတ်ဆိုတာ…သချာင်္ ညီမျှခြင်းလားတဲ့..။ကဲဘယ်လောက်စိတ်လေဖို့ကောင်းလဲ…။ကိုယ်သာနာမည်ကြီးပြီးသေသွားရင်အဲဒီလိုပဲအပြောခံရမှာ…။ဒါဆိုလဲအောင်မြင်အောင်လုပ်ပါလားတဲ့..။အဲဒါကမှပိုဆိုး….။ စာမေးပွဲစစ်ပေးမှာဘယ်သူလဲလို့ပြန်မေးလိုက်ချင်တယ်…။အောင်မြင်ပြီးရင်ရောဘာဆက်လုပ်ရမှာလဲလို့…။ချမ်းသာတာလဲတယ်ပြီးမကောင်းလှပါဘူး…။တစ်ယောက်တည်းသုံးလို့မကုန်ရင်..သူများပေးပစ်ခဲ့ရမှာ….။ဒါကြောင့်..သေသေချာချာစဉ်းစားကြည့်ရင်ဘာမှလုပ်စရာမရှိပါဘူးလို့…   ။လောကကြီးကပျင်းစရာကြီးပါ။တစ်ကယ်ပြောတာပါခင်ဗျားမယုံရင်ကျုပ်နဲ့အတူတူလိုက်ပျင်းကြည့်ပါလား

In: ကဗျာ Posted By: Date: Feb 6, 2012
Comment #1

ထောက်ခံပါတယ်….အပြည့်အ၀ပဲ။.
ဘောင်ထဲမှာ အချိန်စာရင်းနဲ့နေရတာကြာတော့လွတ်မြောက်ချင်တယ်……..
ဆိုးတယ်……..ကိုယ်လုပ်ချင်တာ ကိုယ်မလုပ်ရတဲ့ဘ၀..မိုးလင်းတာနဲ့ရုံး…
/ညနေထိရုံး………….ရုံးဆိုတဲ့အမည်နဲ့လိုက်အောင်ရုံးနေရတယ်……မဆိုးဘူးလား။။။။။။။
စာလေးရေးချင်တာတောင်အချိန်မရှိဘူးး။။။။။။။။ဆိုးတဲ့ဘ၀……..
လွတ်မြောက်အောင်ရုံးရမယ်………….. (ထပ်မံဖြည့်စွက်ပေးပါတယ်…..အလုပ်လုပ်နေရတာကိုငြီးငွှေု့လာတဲ့
ခံစားချက်ပါ)

commentinfo By: May Kha at Feb 6, 2012
Comment #2

ha,,ha,,hote tar pe naw.
kwi,,kwi,,,hman like dar,,
ei lay ka dot kyint tar ya nay par p,,
a pyin htwke p a loak loak ya tar kyike de,,business hmar yin khone ya loh pyaw de,,
ang hmar ma nay chin bu,he,,he,,so boring,
le sa yar fris tway dot shi par de,,but thu ma par loh ma twar chin par bu,,
dar ne pe a loak,ang,internet ne pe nay tine ko phat tan nay de,,

commentinfo By: ei lay at Feb 7, 2012
Comment #3

ကျွန်တော်လည်းအရမ်း ပျင်းတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Feb 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment