Professional Authors

ဖြစ်နိုင်ရင်

ဖြစ်နိုင်ရင်
အချိန်ရှိတိုင်းမင်းဘေးမှာ
ရှိနေချင်ပါတယ်
မဖြစ်နိုင်တော့လည်း
လွမ်းစရာတွေဖြေသိမ့်
မာနတွေတားဆီးတားတဲ့ တံတိုင်းတွေဖြတ်ပြီး
မင်းကိုလွမ်းနေရုံပဲပေါ့

ချစ်သူရေ
ဖြစ်နိုင်ရင်
ဖြူစင်တဲ့ နှလုံးသားတစ်စုံနဲ့ မင်းကိုချစ်ချင်ပါတယ်
 မဖြစ်နိုင်တော့လည်း
အရောင်တွေညစ်ထေး သိက္ခာတွေ သွေးစွန်းနေတဲ့
ငါ့နှလုံးသားကိုရင်းပြီး မင်းအတွက်ကဗျာလေးတွေ
တိုးတိတ်ရေးစပ်နေရုံပေါ့

ချစ်သူရေ
ဖြစ်နိုင်ရင် ငါချစ်တာမင်းသိအောင်
အကျယ်ကြီး အော်ပြောချင်ပါရဲ့
မဖြစ်နိုင်တော့လည်း
ငါ့အချစ်တွေ တံခါးပိတ်
မင်းမယုံတဲ့ မေတ္တာတွေ
မင်းမနာကျင်အောင် တိုးတိတ်နှုတ်ပိတ်
သစ္စာတွေ ဒဏ်ခတ်ခံပြီး….ငါ့နှလုံးသားကို စတေးခဲ့ပါတယ်

အတိတ်ဆိုတာမရှိခဲ့ရင်….အရမ်းကောင်းမှာပဲနော်…အခုတော့……….

In: ကဗျာ Posted By: Date: Feb 5, 2012
Comment #1

ချစ်သူရေ
ဖြစ်နိုင်ရင်
ဖြူစင်တဲ့ နှလုံးသားတစ်စုံနဲ့ မင်းကိုချစ်ချင်ပါတယ်
မဖြစ်နိုင်တော့လည်း
အရောင်တွေညစ်ထေး သိက္ခာတွေ သွေးစွန်းနေတဲ့
ငါ့နှလုံးသားကိုရင်းပြီး မင်းအတွက်ကဗျာလေးတွေ
တိုးတိတ်ရေးစပ်နေရုံပေါ့

commentinfo By: May Kha at Feb 5, 2012
Comment #2

အ၇မ်းကောင်းတဲ့ ကဗျာ လေးတစ်ပုဒ်ပါပဲဗျာ…………………….အားပေးလျှက်

commentinfo By: kaungzaw at Feb 6, 2012
Comment #3

ဖြစ်နိုင်ရင်
အချိန်ရှိတိုင်းမင်းဘေးမှာ
ရှိနေချင်ပါတယ်
မဖြစ်နိုင်တော့လည်း
လွမ်းစရာတွေဖြေသိမ့်
မာနတွေတားဆီးတားတဲ့ တံတိုင်းတွေဖြတ်ပြီး
မင်းကိုလွမ်းနေရုံပဲပေါ့

commentinfo By: kantkawmg at Feb 6, 2012
Comment #4

အတိတ်ဆိုတာမရှိခဲ့ရင်….အရမ်းကောင်းမှာပဲနော်…အခုတော့……….
….အခုတော့….ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ

commentinfo By: poem.poem28 at Feb 6, 2012
Comment #5

သားကဗျာကိုဖတ်ပေးလို့ ကျေးဇူး အရမ်းတင်ပါတယ်….အရမ်းပျော်တယ်….ဘယ်လိုကြီးလဲမသိဘူး…
ဘာပဲဖြစ်ဖြစ် ကိုကို မမ တွေ ကိုကျေးဇူး အများကြီးတင်ပါတယ်

commentinfo By: CherryKoKo at Feb 6, 2012
Comment #6

nothing is impossible

commentinfo By: ei lay at Feb 7, 2012
Comment #7

Your poem touches my heart …
I am feeling the same 🙁

commentinfo By: Myat Noe at Feb 7, 2012
Comment #8

အရမ်းကောင်းတယ်ကဗျာလေးက

commentinfo By: chitlay at Feb 7, 2012
Comment #9

Feel again

commentinfo By: ei lay at Oct 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment