Professional Authors

စုံဂဏန်း ကျ တဲ့ လ………..

ကျွန်တော့ ဖေ ဖော်ဝါရီ ကို..
ကျွန်တော် မမှတ် မိ တော့ ဘူး

ဖေဖော်ဝါရီမှာ…အနွေးထည် အထူ ကြီး ၀တ် ရ သလား
ဖေဖော်ဝါရီဟာ ယဉ်ကျေးမှုမြတ်နိုးတတ်တဲ့မနက်ခင်း လား??
ဖေဖော်ဝါရီမှာ..အမေက..ထင်းတွေကုန် နေတဲံ အကြောင်း ပြော တယ်
ဖေ ဖော်ဝါရီ ဟာ….မိန်းမတစ်ယောက်
အသည်းခွဲလို့ ..အကောင်းဆုံးအချိန်ဖြစ် တယ်
ဖေဖော်ဝါ ရီ ဟာ….ကြာသာပတေးနေ့တွေ မပါ တဲ့ လ ဖြစ် တယ်
ဖေဖော်ဝါရီ မှာ..သူနဲ့ ကျွန်တော် ဖုန်း ပြော ဖြစ် သလား
ရယ်မောသံ သဲ့သဲ့ နဲ့
ဖေဖော်ဝါရီဟာ…လက်ဖက်ရည်ဆိုင် ထဲက..စီးကရက်တွေလား
ဖေဖော်ဝါ ရီ ကို.. ကျွန်တော် ဘယ်လို မှုတ်ထုတ်ခဲ့ပါ လိမ့်
ဖေဖော်ဝါရီ နဲ့ ကျွန်တော် ဟာ..ဒိုးတူဘောင် ဖက် မဖြစ် ဘူး
ညနေကို..ထိုင်စောင့်ရင်း..ဖေဖော်ဝါရီက..ကျွန်တော့်ကို
ဘီယာသောက်ရင်း…စကားစမြည် ပြောဖို့ ဖိတ် ခေါ်တယ်
(အဲဒါ ကြောင့် ဖေဖော်ဝါရီ နဲ့တွေတဲ့ ည အကြောင်း ကျွန်တော်မေ့ သွားတယ်)

ဖေဖော်ဝါရီဟာ မိန်းမတစ်ယောက်ရဲ့ အလှ ဆုံးအချိန်ဖြစ်တယ်
(ကျွန်တော့်ဖေဖော်ဝါရီဟာ…မိန်းမတွေများတယ်)
ဖေဖော်ဝါရီက…သူငယ်ချင်းတစ်ယောက် ဆုံးလို့ ..တလပြည့်တဲ့ အကြောင်းပြောတယ်
ဖေဖော်ဝါရီဟာ…စီးပွားတွက် အတွက် ခံရ တဲ့ လ လည်းဖြစ် တယ်
ဖေဖော်ဝါရီ ဟာ…၁၀၊၁၁၊၁၂၊၁၃၊၁၄….အိမ်ဖော်မတစ်ယောက်နဲ့တူတယ်
ဖေဖော်ရီဟာကျွန်တော့်ဆီ လာဖို့ မေ့နေ ခဲ့ တာလား
ကျွန်တော် ကရော…ဖေဖော်ဝါရီကို သတိမရခဲ့တာလား

.ဖေဖော်ဝါရီ မှာ..ဖေဖော်ဝါရီ နဲ့ ကျွန်တော်…. ဓါးခြင်းယှဉ်ခုတ်ခဲ့ရ တယ်

In: ကဗျာ Posted By: Date: Feb 5, 2012
Comment #1

ဖေဖော်ဝါရီမှာ စနေ့နေ မပါတော့ဘူး…..။….။

commentinfo By: SoFarAwayFromU at Feb 5, 2012
Comment #2

အားပေးသွားပါတယ်………

commentinfo By: May Kha at Feb 5, 2012
Comment #3

LIKe ..ကြိုက်တယ်ဗျို့

commentinfo By: အသဲကွဲ မိုး at Aug 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment