Professional Authors

သူ

ငါ အတ္တပါးပါးလေး ဖြစ်ခဲ့ရတယ် ….
မင်းကို ချစ်မိသွားလို့ ပေါ့ …….
တပြိုင်နက်ထဲ အသိလေးနဲ့ အတူ
မဖြစ်နိုင်ဘူးတဲ့လေ ……….။

ကိုယ်စီ *အကြည့်* စောင့်ထိန်း *အသိ* နဲ့
ဝေးနေရမှာ သိနေသော်လည်း
ကျေနပ်ခြင်းက ရင်မှာပြည့်လို့ ………။

ကံ *ဆုံ* လို့ ကြုံ ခဲ့ရတာ
ကံ *မဆုံ* လို့ မကြုံရပေမယ့်
ကျေနပ်ခြင်းတို့ ရင်မှာပွေ့ဖက်
ဒီ ဘဝ ဝေးရလည်း
ငါ ……… ကျေနပ်တယ် ……..။

ဆုံမိတဲ့ ခဏတာ က
မမေ့နိုင်တဲ့ တစ်ဘဝတာ ဖြစ်ခဲ့ရတယ် …..။

လူရယ်ဖြစ်ခြင်း ရှင်သန်ခြင်းက
နင် နဲ့ ဖြစ်တည် တည်ရှိသွားခဲ့ရတယ် …..။

သို့ပေမယ့်လည်း
ရင်မှာ မြိုသိပ် .. သိမ်းဆည်းသွားပြီး
ချစ်နေသွားမယ့် ………..
ထာဝရ *သူ* ရေ …….. *သိပ်ချစ်တယ်*။

(၃-၃-၂ဝ၁၂)
(ဘာရယ်မဟုတ်ဘူး …. သီချင်းနားထောင်ပြီး ရေးဖြစ်သွားတာ။)

In: ကဗျာ Posted By: Date: Feb 3, 2012
Comment #1

ကံ *ဆုံ* လို့ ကြုံ ခဲ့ရတာ
ကံ *မဆုံ* လို့ မကြုံရပေမယ့်
ကျေနပ်ခြင်းတို့ ရင်မှာပွေ့ဖက်
ဒီ ဘဝ ဝေးရလည်း
ငါ ……… ကျေနပ်တယ် ……..။

ဆုံမိတဲ့ ခဏတာ က
မမေ့နိုင်တဲ့ တစ်ဘဝတာ ဖြစ်ခဲ့ရတယ် …..။

commentinfo By: May Kha at Feb 3, 2012
Comment #2

excellent,,
pannei ka bar ye ma hote bu yae like pay me ei lay ka yin khone twar de lay.
e dar be lo loak pay hmar tone,,pyaw

commentinfo By: ei lay at Feb 3, 2012
Comment #3

ကျေးဇူးပါ…မေခေ၇…….. 🙂
အိလေးကို ဘယ်လိုလုပ်ပေး၇မလဲဟင်? 🙂 😛

commentinfo By: pannei at Feb 4, 2012
Comment #4

har,,
1 khu khu pyan loak pay ya hmar pop,,hote de hote,,
d hmar heart a g g hti twar tar lay loh,

commentinfo By: ei lay at Feb 4, 2012
Comment #5

သီချင်းဆက်ရင်လဲ တော်မဲ့ရုပ်ဘဲ…..

commentinfo By: nyanlinhtet at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment