Professional Authors

“အစိမ်းလိုက်သေသွားတဲ့ ဟာသ”

“အစိမ်းလိုက်သေသွားတဲ့ ဟာသ”

အမြစ်ရှည်တွေနဲ့  ထိုးခွဲ
မျှော်လင့်ချက်တွေ နွယ်ရစ်
လေပြင်းတချက် ဝင်အတိုက်မှာ
အစိမ်းသေသွားတဲ့ သစ်ပင်က
အလွမ်းတွေ တသုန်သုန်ကြွေ
မှုန် . . . ရီ . . .လို့  . . . ခြောက် . . . ကပ်

ပဉ္စလက် ကြမ္မာကောင်းကင်ကနေ
အတွေးညတွေကို ကောက်သိမ်း
အစိမ်းရူးတစ်ယောက်
ဟာသဆန်ဆန် ကဗျာတွေထခေါက်တယ်
အိပ်ရေးပျက် စီးကရက်တစ်လိပ်ကလည်း
သော့တလုံး ဂီတကိုတီးခတ်
. . . . . . .
ဒီလိုနဲ့ 
နေ့ လည်နေ့ ဖက်တွေဆို . . .
ငါ့ဂိုထောင်လေး တယောင်တရမ်းနဲ့ 
အလွမ်းတွေ မှောက်လိုမှောက်
စကားလုံးတွေ နှုတ်ခမ်းရောက်ပြန်တော့
ရပ် . . . သွား . . . ကျ . . . ပြန် . . . တယ် . . .

အလှည့်အပြောင်းဝိဇ္ဇာ သင်္ခါရရဲ့ 
ဆန်းပြားတဲ့ မျက်လှည့်ကွက်တွေကြား
စိတ်ပျက်လက်ပျက် ငါထထွက်ခဲ့တယ်
ယုတ္တိရေ . . မင်းလိုက်ဦးမလား
. . . . . . .
တောက် . . .   နေခဲ့ကွာ . . .
မင်းမပါလည်း အချစ်ဟာ
အချစ်ပဲ . . .

(ကိုဇင်)

In: ကဗျာ Posted By: Date: Feb 2, 2012
Comment #1

မင်းမပါလည်း အချစ်ဟာ
အချစ်ပဲ . . .
အမှန်ပဲပေါ့ဗျာ…

commentinfo By: poem.poem28 at Feb 3, 2012
Comment #2

ပဉ္စလက် ကြမ္မာကောင်းကင်ကနေ
အတွေးညတွေကို ကောက်သိမ်း
အစိမ်းရူးတစ်ယောက်
ဟာသဆန်ဆန် ကဗျာတွေထခေါက်တယ်
အိပ်ရေးပျက် စီးကရက်တစ်လိပ်ကလည်း
သော့တလုံး ဂီတကိုတီးခတ်
. . . . . . .
ဒီလိုနဲ့ 
နေ့ လည်နေ့ ဖက်တွေဆို . . .
ငါ့ဂိုထောင်လေး တယောင်တရမ်းနဲ့ 
အလွမ်းတွေ မှောက်လိုမှောက်
စကားလုံးတွေ နှုတ်ခမ်းရောက်ပြန်တော့
ရပ် . . . သွား . . . ကျ . . . ပြန် . . . တယ် . . .

commentinfo By: zawthetoo at Feb 3, 2012
Comment #3

အလှည့်အပြောင်းဝိဇ္ဇာ သင်္ခါရရဲ့ 
ဆန်းပြားတဲ့ မျက်လှည့်ကွက်တွေကြား
စိတ်ပျက်လက်ပျက် ငါထထွက်ခဲ့တယ်
ယုတ္တိရေ . . မင်းလိုက်ဦးမလား
. . . . . . .
တောက် . . . နေခဲ့ကွာ . . .
မင်းမပါလည်း အချစ်ဟာ
အချစ်ပဲ . . .
နှစ်သက်စွာအားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Feb 11, 2012
Comment #4

အားပေးတဲ့ ညီအစ်ကိုမောင်နှမတွေ ကို ကျေးဇူးအထူးတင်ပါတယ်

commentinfo By: Mickey at Mar 2, 2012
Comment #5

မိုက်တယ်ကွာ

commentinfo By: ayemoh at Nov 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment