Professional Authors

အဆိုပြုလွှာ

မိုးရွာသွန်းမှုနည်းတော့လည်း
စကားလုံးတွေတောင်ခေါင်းပါးကုန်ပြီ
ဟိုနှစ်ကထင်ပါရဲ့ 
တောင်ဝင်ရိုးစွန်းကမျက်ရည်တွေအရည်ပျော်လို့ 
နှလုံးသားကျွန်းလေးရေမြုပ်သွားသတဲ့….။
ရာသီတွေကဖောက်ပြန်
အချစ်တွေကမှုမမှန်တော့
ဦးထွန်းလွင်တောင် မျက်ရည်မိုးစိုနေရဲ့ …………။

ရင်ခုန်တာလောက်ကငလျှင်မဟုတ်ပါဘူးကွယ်
ရစ်တာစကေးနည်းပါးတဲ့တုန်သံတစ်ခုပါ..။
ပုံမှန်အသံထွက်နဲ့ ပဲ
ယုံချင်အောင်ပြောလိုက်ချင်ရဲ့ 
မင်းတစ်ယောက်တော့
ရင်ခုန်နိုင်စေ။

ရာသီတွေ ဖောက်ပြန်နေတယ်နော်
ဂေဟတွေ အခြေကျအောင်ထိန်းဖို့ 
နှလုံးသားစိမ်းလန်းရေးနေ့ 
 အသင်းလေးထောင်ရအောင်
ငါ့ဘက်ကတော့
အဖွဲ့ ဝင်စုံပြီ
ငါရယ်……..ငါရယ်………..ငါရယ်……….
ကဲ………မိန်းကလေး………….
မင်းဘက်ကကော…………..။

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

mike de kwar,,
mike de kwar,,
yae yae le le ko kway twar p.

commentinfo By: ei lay at Feb 1, 2012
Comment #2

မေးထားမေးထား…ဗျ

commentinfo By: poem.poem28 at Feb 2, 2012
Comment #3

ရင်ခုန်တာလောက်ကငလျှင်မဟုတ်ပါဘူးကွယ်
ရစ်တာစကေးနည်းပါးတဲ့တုန်သံတစ်ခုပါ..။
ပုံမှန်အသံထွက်နဲ့ ပဲ
ယုံချင်အောင်ပြောလိုက်ချင်ရဲ့ 
မင်းတစ်ယောက်တော့
ရင်ခုန်နိုင်စေ။

commentinfo By: zawthetoo at Feb 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment