Professional Authors

တိတ်ဆိတ်နေသော စာတစ်စောင် – နရီထက်

အို… အရှင်
အသင်ရဲ့ စေလွတ်ခြင်းကြောင့် သည်လောက၀ယ် စေရောက်ခဲ့၏
အို…. မိခင်
အသင်ရဲ့ ကြင်နာမှုကြောင့် လူဘ၀ကို ခြေကျခွင့် ရခဲ့ပါ၏
အို… ဖခင်
အသင်ရဲ့ အားနှင့် အကျွန်ုပ်အား အခက်အခဲတွေ ဖြေရှင်းခိုင်း၏
အို… သခင်
အသင်ရဲ့ တွန်းအားဖေးမမှုကြောင့် လူတော်တစ်ယောက် အထင်ခံရ၏

အို… အရှင်
နိယာမကို မလည် ပညတ်ချက်ကိုလည်း အရှုပ်ထုပ် မလုပ်ခဲ့ဘူး
ဇာတ်ခုံကြိုးရှုပ် မျက်နှာများတဲ့ မာယာလည်း မပြုခဲ့သူ
ဆိတ်ငြိမ်မူသော စိတ် သစ္စာမြသော အကျွန်ုပ်ရဲ့ နှုတ်မူကား ကုန်သည်ပွဲစား တစ်ပတ်မဖြစ်ခဲ့ပါ၏

အို… မိခင်
သည်းခံတော်မူသော အကြောင်းရင်း အဘယ်သို့နည်း
ပြောင်းလဲခြင်းအောက်မှာ ထိုသို့သော အရင်းမြစ်က အောင်မြင်လေသလော့
အို…မိခင်
မေတ္တာ ရှေ့ရှု အကျွန်စိတ်ကို ဖျားခင်းပေးလည်း ညစ်ပတ်သော ခြေရာကို
အကျွန် ထားလက်စ ကတိစကားနဲ့ သုံးတော်မူရမည်လော..

အို..ဖခင်
ကံကြမ္မာရိုက်ချက် အထိနာလည်း ဘယ်သူကို အပြစ်မဆို
အကျွန်ုပ် နှုတ်ဆိတ်တော် မူမည်
လက်ဖျားမှာ ချီးကျူးခြင်းတွေ မလည်ဝဲလည်း ဆွဲသိမ်းသွင်း
အတင်းလုပ်ခဲ့သူ မဟုတ်ရကြောင်းပါ
အပြစ်ဖန် ပြစ်ချက်တွေကြားမှာ သစ္စာမဲ့ အထာထားသူများရဲ့
ကဲ့ရဲ့ ဆိုခြင်းကိုလည်း မိုးကြိုးထိဖွယ် ရက်စက်မှုတွေ ခံယူခဲ့ပေါင်း များလှပြီး

အို…သခင်
ဘယ်ရွေးဘယ်မျှ အသင်ထံမှာ မရမည်လည်း အကျွန်ုပ် အပြစ်မဆို
တစ်ချက်ကလေး ကောင်းကွက်ကိုငဲ့ပြီး အသင်ကို အကျွန်ုပ် သစ္စာခံသည်
မသူတော်ကြားမှာ အကျွန်ုပ်အချင်းတွေက ကန်စွန်းခင်းလောက် ကျပန်းဈေး အဖြစ်သာ..
ပါးစပ်နဲ့ ပါးရိုက်တတ်ကြတဲ့ သူတို့လို လူစားမျိုးတွေကြောင့် အကျွန်ုပ် စိတ်ဆင်းရဲနေ၏

အို… အသင်တို့
ဘ၀ကို ပုံခွက်လောင်း အတင်းစရိုက်ဖမ်းနေတော့
အသင်တို့ရဲ့ စိတ်လောက်နဲ့ အကျွန်ုပ်က အရိုင်းအစိုင်း မဟုတ်ပါ…။      ။

နရီထက်
( ၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Feb 1, 2012
Comment #2

ကဗျာလေးတော်တော်ကောင်းတယ်ဗျ…

အားပေးသွားတယ်နော်……

commentinfo By: harris at Feb 2, 2012
Comment #3

good…အကို အားပေးနေဆဲပါ..

commentinfo By: poem.poem28 at Feb 2, 2012
Comment #4

အို… အသင်တို့
ဘ၀ကို ပုံခွက်လောင်း အတင်းစရိုက်ဖမ်းနေတော့
အသင်တို့ရဲ့ စိတ်လောက်နဲ့ အကျွန်ုပ်က အရိုင်းအစိုင်း မဟုတ်ပါ…။ ။

commentinfo By: zawthetoo at Feb 2, 2012
Comment #5

အို… မိခင်
သည်းခံတော်မူသော အကြောင်းရင်း အဘယ်သို့နည်း
ပြောင်းလဲခြင်းအောက်မှာ ထိုသို့သော အရင်းမြစ်က အောင်မြင်လေသလော့
အို…မိခင်
မေတ္တာ ရှေ့ရှု အကျွန်စိတ်ကို ဖျားခင်းပေးလည်း ညစ်ပတ်သော ခြေရာကို
အကျွန် ထားလက်စ ကတိစကားနဲ့ သုံးတော်မူရမည်လော..

နှိမ့်ချ တင်းတိမ်ခြင်းဟာ မင်္ဂလာတရားတခုပါ

ဘဝဆိုတာကို အစ်ကို့ ကဗျာမှာမြင်ရပါတယ်
အားပေးသွားပါတယ်

commentinfo By: Mickey at Feb 2, 2012
Comment #6

“”””လက်ဖျားမှာ ချီးကျူးခြင်းတွေ မလည်ဝဲလည်း ဆွဲသိမ်းသွင်း
အတင်းလုပ်ခဲ့သူ မဟုတ်ရကြောင်းပါ…:::::::::
အရေးအသား အတွေးအပြစ်ပြောဟရာမရှိအောင်ကာင်းတယ်ဗျာ
အားပေးနေပါတယ်

commentinfo By: sharon myorr myor at Feb 3, 2012
Comment #7

အို… အသင်တို့
ဘ၀ကို ပုံခွက်လောင်း အတင်းစရိုက်ဖမ်းနေတော့
အသင်တို့ရဲ့ စိတ်လောက်နဲ့ အကျွန်ုပ်က အရိုင်းအစိုင်း မဟုတ်ပါ…။

commentinfo By: moezat at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment