Professional Authors

မလွမ်းတော့ပါဘူး…အသင်္ချေ(genius)

မလွမ်းတော့ပါဘူး…အသင်္ချေ
မင်းနင်း…ခြေခဲ့တဲ့
နှလုံးသားတစ်စုံဟာ
အခုဆို….
အလဲလဲအကွဲကွဲပြို…ကျ
ပကတိပြန်မဖြစ်တော့ပါဘူး။

မျှော်လင့်ရင်း…နဲ့
စိတ်ကူးတွေပျောက်
အိပ်မက်ရှည်တွေပဲ
ခရီးလွန်ခဲ့တာ
အဖတ်တင်ပါတယ်။

အရင်က…ဆိုရင်
အရင်တိုင်းပဲ…
ပြန်ပြန်တွေး…ငေး
ဆွေးနေရတာ အချစ်တဲ့လား..။

မခုံမင်တော့ပါဘူး.
မတပ်မက်တော့ပါဘူး..
အလျားအနံမရှိ
အသွားအပြန်လည်းမရှိတဲ့
မေတ္တာတရား…
မယုံကြည်တော့အောင်
မင်း သင်ပြပေးလိုက်တာပါ။

ငါလည်း..ဦးနှောက်နဲ့ပဲ
“ချစ်တယ်” ပြောလိုက်တိုင်း
အချစ်ဟုတ်မဟုတ်
ခွဲခြားနိုင်ပါတယ်ကွာ…။

ခက်နေတာက
ငါ့…နှလုံးသား
မင်းကိုပဲ ချစ်တယ်ဆိုတော့
ငါ..ပိုပိုခက်ပြီး
ငါ..တော်တော်ကံဆိုးနေတာပေါ့
အသင်္ချေရယ်….။

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

100% perfect

commentinfo By: ei lay at Feb 1, 2012
Comment #2

မျှော်လင့်ရင်း…နဲ့
စိတ်ကူးတွေပျောက်
အိပ်မက်ရှည်တွေပဲ
ခရီးလွန်ခဲ့တာ
အဖတ်တင်ပါတယ်။

အရင်က…ဆိုရင်
အရင်တိုင်းပဲ…
ပြန်ပြန်တွေး…ငေး
ဆွေးနေရတာ အချစ်တဲ့လား..။

commentinfo By: zawthetoo at Feb 1, 2012
Comment #3

ညီရေ
တကယ်ကောင်းတဲ့ကဗျာလေးပါဗျ
မတွေ့တာကြာပြီညီရေ…ညီ့ရဲ့ကဗျာစွမ်းရည်တွေ မြင်ရတော့
အကိုဝမ်းသာတယ် အားရတယ် ဂုဏ်ယူတယ်ကွာ

commentinfo By: ရွှေကြယ်မိုး at Feb 1, 2012
Comment #4

ကဗျာ ကောင်းတွေ ဘယ်လို ရေးလဲဗျာ…
ဖတ်ရတာ …အရသာ တွေ့ တယ်ဗျ..
အကို …အားပေးလျက်နော်

commentinfo By: newun at Feb 2, 2012
Comment #5

ခက်နေတာက
ငါ့…နှလုံးသား
မင်းကိုပဲ ချစ်တယ်ဆိုတော့
ငါ..ပိုပိုခက်ပြီး
ငါ..တော်တော်ကံဆိုးနေတာပေါ့
အသင်္ချေရယ်….။
ဒါပေါ့ မောင်လေးရယ်….:P

commentinfo By: ကေသရီ at Feb 2, 2012
Comment #6

မခုံမင်တော့ပါဘူး.
မတပ်မက်တော့ပါဘူး..
အလျားအနံမရှိ
အသွားအပြန်လည်းမရှိတဲ့
မေတ္တာတရား…
မယုံကြည်တော့အောင်
မင်း သင်ပြပေးလိုက်တာပါ။

ကိုgenius တကယ်တတ်ရဲ့လား။
ကျွန်တော်တော့မတတ်နိုင်ဘူး
မျက်စေ့စုံမှိတ်လျက်နဲ့ ပဲ
အသိခေါက်ခက်လိုက်တော့မယ် . .

commentinfo By: Mickey at Feb 2, 2012
Comment #7

အသိပဲခေါက်ခက်ပါနော်……….အားပေးသွားပါတယ်.

commentinfo By: May Kha at Feb 3, 2012
Comment #8

ခက်နေတာက
ငါ့…နှလုံးသား
မင်းကိုပဲ ချစ်တယ်ဆိုတော့
ငါ..ပိုပိုခက်ပြီး
ငါ..တော်တော်ကံဆိုးနေတာပေါ့
အသင်္ချေရယ်….။

ဟုတ်တာပေါ့ အရမ်းကံဆိုးတာပေါ့
ဒီခေတ်မှာ အဲဒီလိုချစ်မိရင် သေဖို့သာပြင် . . .

ချစ်ခင်စွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Feb 3, 2012
Comment #9

i don’t think so,ko xia,
everything is up to u,
u’ll get what u give,
it’s universal truth.
it’s human’s life.

commentinfo By: ei lay at Feb 3, 2012
Comment #10

ကိုgenius ရေ ကဗျာလေး ကောင်းတယ်ဗျ လက်တွေတော်တော်တက်လာတယ်ဗျနော် ကြိုးစားထားပါ နောက်ကဗျာသစ်တွေလည်း အားပေးပါဦးမယ် ။

commentinfo By: X - ray at Feb 9, 2012
Comment #11

genius ခင်ချင်လို့..ပါ….ကဗျာအရေးကောင်းတော့ စိတ်ဝင်စားတယ်ဗျာ…
(ဟဲဟဲ)

အမ အားပေးသွားတယ်..အရမ်းလည်းကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Feb 11, 2012
Comment #12

အလျားအနံမရှိ
အသွားအပြန်လည်းမရှိတဲ့
မေတ္တာတရား…
မယုံကြည်တော့အောင်
မင်း သင်ပြပေးလိုက်တာပါ။……စာသားလေးတွေကြိုက်လို့အားပေးသွားပါတယ်နော်….

commentinfo By: ကြယ်စင်နတ်သမီး at Feb 14, 2012
Comment #13

အားပေးကြတဲ့ညီအစ်ကိုမောင်နှမများအားလုံးကျေးဇူးပါတယ်။
မမိုး..က လာနောက်နေသေးတယ်…ငါ့အမကလဲ(လည်း)

commentinfo By: poem.poem28 at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment