Professional Authors

အစ်ကို့အတွက်ပါ

အစ်ကို့ကိုချစ်တယ်…။
မျှော်လင့်ချက်တစ်ခုအောက်မှာ ကျရှုံးခဲ့တဲ့ ညီမဆီ
မျှော်လင့်မထားတဲ့ အချစ်တစ်ခုကို ယူဆောင်လာပေးတဲ့
အစ်ကို့ကိုချစ်တယ်…။

အစ်ကို့ကိုလွမ်းတယ်…။
အားငယ်စိတ်တွေနဲ့အတူ တစ်ယောက်တည်း
အထီးကျန်လွန်းတဲ့ နေ၀င်ချိန်တွေရောက်တိုင်း
အစ်ကို့ကိုလွမ်းတယ်…။

အစ်ကို့ကိုမုန်းတယ်…။
အပြောကောင်းတတ်လွန်းတဲ့ အစ်ကို့ကို
စိတ်မချမှုတွေနဲ့အတူ အူတိုနေရတဲ့အခါတိုင်း
အစ်ကို့ကိုမုန်းတယ်…။

အစ်ကို့ကိုခွင့်လွှတ်တယ်…။
ချစ်မိတဲ့အချိန်ကစလို့ အရှုံးပေးထားတဲ့ ညီမလေ
အစ်ကိုအနိုင်ယူနေမှန်း သိပေမယ့်လည်း
အစ်ကို့ကိုခွင့်လွှတ်တယ်…။

အစ်ကို့ကိုချစ်နေဦးမယ်…။
အစ်ကိုသတိရတဲ့အခါ ညီမ အမြဲရှိနေမယ်
အစ်ကိုမေ့ထားရင်လည်း ညီမ ရင်နာရရုံလေးပါပဲ
အစ်ကိုမချစ်တော့ရင်လည်း ထားခဲ့ပါ
ညီမက…
အစ်ကို့ကိုချစ်နေဦးမယ်…။

In: ကဗျာ Posted By: Date: Jan 31, 2012
Comment #1

အစ်ကိုမချစ်တော့ရင်လည်း ထားခဲ့ပါ
ညီမက…
အစ်ကို့ကိုချစ်နေဦးမယ်…

commentinfo By: kantkawmg at Jan 31, 2012
Comment #2

yoe yoe layne kaung par e,,
mon ka le,,thu htar ke tine nay ke sa yar lar?
ei lay tar so ya bu,,super glue kat pyit hmar,,

commentinfo By: ei lay at Jan 31, 2012
Comment #3

inn, ei lay yae ah kyan so bu,…..:P

commentinfo By: mon at Feb 1, 2012
Comment #4

ဒီကဗျာလေးကို..သက်ဆိုင်သူအကိုဖတ်မိပါစေ..
ဆုတောင်းပေးသွားပါတယ်ဗျာ….
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 1, 2012
Comment #5

thank for your comment so much…..

commentinfo By: mon at Feb 1, 2012
Comment #6

he,,he,,
a hote pyaw dar,,
kwi,,kwi,,
ei lay ka e lo myo soe de,,
daw daw ko soe tar,,ta win ka lo to pa,,

commentinfo By: ei lay at Feb 1, 2012
Comment #7

A kone lone kyike de.
Htar ke par so tar ka lwe loh.
😉

commentinfo By: ei lay at Nov 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment