Professional Authors

သို့ … သူငယ်ချင်းများ

ကဗျာတွေ တပိုင်းတစ
အက်ကြေကွဲ …
မနက်ခင်း ဒီရေလည်း
တဖြေးဖြေး အရှိန်လျော့နေပါစေ …

တိမ်ရောင်စုံတွေ ဖူးပွင့်လာမယ့်
မရှိမယ့် ရှိမယ့် နေ့ရက်သစ်တွေ စုစည်းလို့
လောကရဲ့ ပန်းတိုင်ကို မျှော်ငေး
လေးလံတဲ့ စိတ်တချို့ကြောင့်
ကောင်းကင်ခရီး ကြမ်းတမ်းလွန်းတယ် …

ကဲ … သူငယ်ချင်းတို့ …
အိမ်လွမ်းသူတစ်ယောက်ရဲ့
သိမ်ငယ်တဲ့ စရိုက်တွေဖယ်ထားလို့
လှပတဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့
ရဲရင်းတဲ့ အားတွေနဲ့
အတူတူ မျောလွင့်ကြရအောင် … ။

Zero Boyz  <<<< zeroboyz123@gmail  >>>>

In: ကဗျာ Posted By: Date: Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment