Professional Authors

မင်းလေး….သိစေဖို့

သိပ်တွေ့ချင်တာ မင်းပါ
မေ့မရတော့ ခက်ကွာ
ချစ်နေမိတာ အမှန်ပါ………

လွမ်းနေရတာ ဒုက္ခနဲ့
ချစ်နေမိတော့လည်း ပြသနာပဲ
မေ့နိုင်ဖို့လည်း ကြိုးစားဆဲ
မေ့မရတော့ ခက်သားပဲ……

ရှိနေချင်တာ မင်းနဲ့
မခွဲတမ်းကွယ် တစ်သက်လုံးပဲ
ဆက်ကာချစ်မယ် မင်းတစ်ယောက်တည်း
ခွင့်လွတ်ရင်းကွယ် ချစ်ဆဲပဲ…

ချစ်ဆိပ်ကလည်း တက်
ဖြေဆေးမရတော့ ခက်
ရှိနေချင်တာ မခွဲဘဲ
ဝေးသာသွားရင် သေမလိုပဲ………

ရင်ခုန်ဖူးတာ မင်းတစ်ယောက်တည်း
ပေးခဲ့ဖူးတဲ့ ကတိတွေနဲ့
တည်ပါလို့လည်း ပြောချင်ဆဲ
ရချင်ခဲ့တာ မင်းအနမ်းဘဲ……..

ခိုးကြည့်ရတဲ့ အကြည့်တွေလည်း
ငါအိမ်မက်ကို ဖျက်ဆီးဆဲ
ချစ်ခဲ့ဖူးတာ မင်းဘဲ
မင်းသာသိရင် ငါပျော်မယ်……….

စောင့်ခဲ့ရတဲ့ အချိန်တွေရယ်
သူလေးသိအောင် ပြောပေးပါကွယ်
ညစဉ်တိုင်းလည်း လွမ်းနေမြဲ
ရှိနေချင်တာ အရင်လိုဘဲ……

ချစ်ဖို့ကောင်းတဲ့ မင်းကိုလည်း
နောက်ပါသွားမှာ ကြောက်နေဆဲ
ဖွင့်ပြောဖို့လည်း ဆွ အ နေမြဲ
သိပါစေလို့ တောင်းဆိုလည်း
ရှောင်နေပြန်တယ် အမျိုးမျိုးပဲ
ငါရင်မှာတော့ ဟက်တက်ကွဲ……….

သူသိပါစေလို့ ဆုတောင်းလျက်
                                      စိုး……………

In: ကဗျာ Posted By: Date: Jan 30, 2012
Comment #1

ဆုတောင်းအတိုင်း ပြည့်ပါစေ

commentinfo By: kantkawmg at Jan 30, 2012
Comment #2

good luck

commentinfo By: ei lay at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment