Professional Authors

စောင့်နေပါ့မယ် (Kitty Yang)

အမှားရဲ့လှဲ့ကွက်အောက်မှာကျရှုံးရတာ
လူတွေသဘာဝပါ
ချစ်သူ
ဒုတိယအခွင့်အရေးဆိုတာကို
မင်းရဲ့အဘိဓာန်ထဲမှာ
ထည့်ခွင့်ပေးပါ။

ငါ့အမှားတွေကို
ရေရွတ်ရင်းဆွေးရတဲ့
ညတွေကို……. ကြင်နာသူလေး
ငဲ့လို့ကြည့်ပါဦး။
နာရီတိုင်း တိုးလို့နေတဲ့
ကိုယ့်ကိုကိုယ်ပေးမိတဲ့
အတွင်းဒဏ်ရာတွေက
မင်းရဲ့နွေးထွေးမူတွေကို
တောင်းတလို့နေရဲ့။

စောင့်စားပါ့မယ်
မျက်လုံးတွေဝေ၀ါးသွားသည်ထိ..
နားတွေထိုင်းမှိုင်းသွားသည်ထိ
ကိုယ်ခန္ဓာနှေးကွေးသွားသည်ထိ
ငါနင့်ကိုဆက်လို့ချစ်မယ်
နင့်ရဲ့အချစ်တွေကို
ဆက်လက်မျှော်လင့်ရင်း
ရူးမယ် ချစ်သူ။

30th November 2008
-=Kitty Yang=-

In: ကဗျာ Posted By: Date: Sep 28, 2009
Comment #1

I like this poem, pls let me copy it.

commentinfo By: Ma Khaing at Mar 10, 2011
Comment #2

wow,,,,,,,,,,
mike de,,,,

commentinfo By: ei lay at Oct 25, 2011
Comment #3

ma u chin dot bu,,,
he,,he,,

commentinfo By: ei lay at Nov 25, 2011
Comment #4

စောင့်စားပါ့မယ်
မျက်လုံးတွေဝေ၀ါးသွားသည်ထိ..
နားတွေထိုင်းမှိုင်းသွားသည်ထိ
ကိုယ်ခန္ဓာနှေးကွေးသွားသည်ထိ
ငါနင့်ကိုဆက်လို့ချစ်မယ်
နင့်ရဲ့အချစ်တွေကို
ဆက်လက်မျှော်လင့်ရင်း
ရူးမယ် ချစ်သူ။

commentinfo By: မြတ်နိုးမွန် at Dec 25, 2011
Comment #5

till getting older,,,love,kind,care & faith forever.

commentinfo By: ei lay at Jan 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment