Professional Authors

ကိုယ်တိုင်နာကျင်စေသောကိုယ်ပိုင်ရွေးချယ်မှု

ငါနားမလည်တဲ့ အချစ်တစ်ခု
ငါ့ရင်ကို တမွမွ ချေမွပစ်နေတယ်။

ငါသိချင်တဲ့ အမှန်တရားတစ်ခု
ငါ့အတွေးတွေကို တစ တစ တိုက်စားနေတယ်။

လိုချင်တာမရတဲ့ ကလေးတစ်ယောက်လို
စိတ်ကောက်ပစ်လိုက်ချင်ရဲ့
ဒါပေမဲ့…
ငါ့မာနက တွန်းခံနေပြန်သတဲ့။

တစ်ခါတလေကျ
အရာရာကို ဖွင့်ဟအော်ဟစ်ပစ်လိုက်ချင်ရဲ့
ဒါပေမဲ့…
ထိန်းချုပ်နိုင်လွန်းတဲ့ ငါ့အသိတရားက
တားမြစ်နေပြန်သတဲ့။

တောင်းပန်ပါရဲ့
ငါလိုချင်တာ နင်မသိခဲ့ရင်။

ဆုံးရှုံးမှုတစ်ခုကို မလိုချင်တော့
ပိုင်ဆိုင်မှု ကိုပါ ငါ အလျော်အစားပေးရတာပေါ့။

ငါကျေနပ်သင့်ပါတယ်
ငါ့ရင်ထဲမှာ နာကျင်နေပေမယ့်
ငါ့ရဲ့ ရွေးချယ်မှုပဲလေ။

Moon (27.1.12)

In: ကဗျာ Posted By: Date: Jan 27, 2012
Comment #1

koh ywe che hmu ko kou kyay nat yin a kaung sone par pe,,
dar hma bar loak loak a sin pyay naing hmar,,
kou hman de htin loh kou loak tar pe lay,,nar hmar ma hote par bu,,
1 bet tar ko ma nit nar say phoe dot lo me loh htin par de,,
pyat pyat tar tar sone phyat p shin shin lin lin loak pyit like yin po kaung dar pop,,
lu yaw a chain tway yaw ke tin yar yout par de,,

commentinfo By: ei lay at Jan 28, 2012
Comment #2

ကဗျာ ကတော့ တောက်ရမ်းမိုက်တယ်………..

ဆုံးရှုံးမှုတစ်ခုကို မလိုချင်တော့
ပိုင်ဆိုင်မှု ကိုပါ ငါ အလျော်အစားပေးရတာပေါ့။

.အဲ့အပိုက်ပိုကောင်းတယ်…

commentinfo By: Lwan Nge Lay at Jan 28, 2012
Comment #3

အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Jan 28, 2012
Comment #4

ငါကျေနပ်သင့်ပါတယ်
ငါ့ရင်ထဲမှာ နာကျင်နေပေမယ့်
ငါ့ရဲ့ ရွေးချယ်မှုပဲလေ။
ဟုတ်ပါဗျ…ာ

commentinfo By: poem.poem28 at Jan 28, 2012
Comment #5

မိုက်တယ် ….။…..။

commentinfo By: SoFarAwayFromU at Jan 28, 2012
Comment #6

လိုချင်တာမရတဲ့ ကလေးတစ်ယောက်လို
စိတ်ကောက်ပစ်လိုက်ချင်ရဲ့
ဒါပေမဲ့…
ငါ့မာနက တွန်းခံနေပြန်သတဲ့။

တစ်ခါတလေကျ
အရာရာကို ဖွင့်ဟအော်ဟစ်ပစ်လိုက်ချင်ရဲ့
ဒါပေမဲ့…
ထိန်းချုပ်နိုင်လွန်းတဲ့ ငါ့အသိတရားက
တားမြစ်နေပြန်သတဲ့။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 28, 2012
Comment #7

တိုက်ဆိုင်တဲ့ကဗျာလေးပါဗျာ…
အားပေးသွားပါတယ်…။

commentinfo By: thu htoo zan at Jan 30, 2012
Comment #8

အားပေးသွားတဲ့ သူတွေအားလုံးကို ကျေးဇူးကမ္ဘာပါနော်။

commentinfo By: Titan at Feb 2, 2012
Comment #9

အချစ်ဆိုတာ ရွေးချယ် မှု တစ် ခုပဲလေ…

commentinfo By: Valerie at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment