Professional Authors

…….အချစ်ဟာ…….နွေဦးအလွမ်း….. ( sharon )

ကျပျောက်သွားခဲ့လေတယ်

ဖြောင့်ချက် မဲ့ တဲ့ ဆာလောင်မှုက နွေဦးအလွမ်း ကို စောင်းမြောင်းနေလေရဲ့

ဒဏ်ရာတွေချည်းပဲ လှည့် ကြည့်တိုင်း ရေဝေးသစ်ပင် ဟာ ငါ့ ရုပ်နာမ်

ကံ့ကော်ပွင့်လေးတွေအကြောင်းမပြောတော့ဘူးး

ဒီအတိုင်းလေးပဲ အလွမ်းတွေ က ချိုချိုနဲ့ ရှ နေဆဲ

မိနစ်လေးတွေအကူးမှာတောင် ပြင်းပြင်းပြပြ ကိုလွမ်းမိတယ်

မဖြစ်ချင်ခဲ့ဘူးး

ရှင်သန်ခြင်းက  ကသီလင်တ

အမည်တပ်ရုံစီးဆင်းခဲ့တာမှမဟုတ်တာ

မင်းသိလားး ပေးဆပ်ချစ်ခြင်းရနံ့ ဆိုတာခမ်းနားတယ်

အချစ်ဆိုတဲ့အကြောင်းအရာတွေမှာ အမြစ်စွဲနာခဲ့ရတာ ဒီရင်ဘတ်ပေါ့

တကယ့်တကယ်တော့ ငါ့အနာဂတ်ပွင့်လွှာတိုင်း ကို မင်းအချစ်နဲ့ ထုဆစ်ခဲ့ တာ

မကြားနိုင်အောင် ဝေးမသွားပေမယ့် 

မမြင်နိုင်အောင်ဝေးမသွားကြပေမယ့်

အော်မြည်တမ်းနေမိတဲ့ ငါ့ရင်ခတ်သံ ကျိုးပဲ့တောင်ပံတစုံကို  လစ်လျူမင်းရှု  သံသယသောကတွေ နဲ့ ခေါင်းအုံးခိုင်းတယ်

ဆိုသော်လည်း

ချိုတယ်

သံသယတွေနဲ့ ထိုးနှက်မှု ကို ချစ်နေတတ်အောင်  ချိုမြမိတယ်

နောင်တတွေကို မနာကြည်းတတ်အောင်ကိုချိုနေမိတယ်

မင်းအတွက် ငါ့ရှင်သန်ခြင်းက  လမ်းခွဲ မဲ့တဲ့ခရီး

ပင်ပန်းရင်တထောက်နားမယ်

လွမ်းရင်ကဗျာရေးမယ်

လွဲချော်မှုလေးတွေကို တံဆိပ်မကပ်နဲ့ 

မင်းရဲ့ တဖက်သတ်စီရင်ချက်တွေကို ရင်ကြားစေ့ပြီး လွမ်းတတ်တဲ့ရောဂါ အကြောင်းသက်သေပြမယ် မင်းကိုတမ်းဆွေးလွမ်းဆွတ်ခြင်းဟာ မြတ်နိုးဖွယ် အလွမ်း

ရှင်သန်လိုစိတ်ကိုသေချာစေတဲ့ အလွမ်း

မရှိကိုအရှိ ဖြစ်နေစေတဲ့ အလွမ်း

သူမကြားနိုင်မယ့် တေးတပုဒ်ကိုလည်း ငါတီးစမ်းကြည့်နေတယ်

ဂစ်တာအိုတောင် လွမ်းတတ်နေပြီ

နံနက်ခင်းတွေကို မျှော်ကြည့်နေပါ့မယ်

မရေရာခြင်းတွေကို စကားလုံးနဲ့ ထုဆစ်

အချစ်ရယ် အလွမ်းတွေကိုချစ်တတ်နေအောင်  ငါရူးမိတယ်

သေမလိုလွမ်းနေရတဲ့ အခိုက်တန့် လေးမှာ

ကဗျာလေးတွေ အဖြစ် စိုစွတ်ခွင့် ကိုပဲ….အသက်လို မြတ်နိုးရပါတယ်

နွေဦးလေပြေအဝှေ့ မှာ ရေးတဲ့  ချစ်သူ့ အတွက် ခပ်နွမ်းနွမ်းကဗျာ တပုဒ်ပေါ့…..

မင်းကျေနပ်မှာပါချစ်သူ….. သိပ်ကိုလွမ်းမိတယ်……

 

 

                                                                                                            ရှာရွန် (  27.7.2012  _ 1am  )

In: ကဗျာ Posted By: Date: Jan 27, 2012
Comment #1

အချစ်ဆိုတဲအကြောင်းအရာတွေမှာ အမြစ်စွဲနာခဲ့ရတာ ဒီရင်ဘတ်ပေါ့
တကယ့်တကယ်တော့
ငါ့အနာဂတ်ပွင့်လွှာတိုင်း ကို မင်းအချစ်နဲ့ ထုဆစ်ခဲ့ တာ
မကြားနိုင်အောင် ဝေးမသွားပေမယ့် 
မမြင်နိုင်အောင်ဝေးမသွားကြပေမယ့်
အော်မြည်တမ်းနေမိတဲ့ ငါ့ရင်ခတ်သံ
ကျိုးပဲ့တောင်ပံတစုံကို လစ်လျူမင်းရှု သံသယသောကတွေ နဲ့ ခေါင်းအုံးခိုင်းတယ်
ထပ်တူထပ်မျှ..ခံစားအားပေးသွားပါတယ်..ကဗျာလေး အရမ်းကောင်းတယ်

commentinfo By: အသဲကွဲမိုး at Jan 27, 2012
Comment #2

အချစ်ဆိုတဲအကြောင်းအရာတွေမှာ အမြစ်စွဲနာခဲ့ရတာ ဒီရင်ဘတ်ပေါ့
တကယ့်တကယ်တော့
ငါ့အနာဂတ်ပွင့်လွှာတိုင်း ကို မင်းအချစ်နဲ့ ထုဆစ်ခဲ့ တာ
မကြားနိုင်အောင် ဝေးမသွားပေမယ့် 
မမြင်နိုင်အောင်ဝေးမသွားကြပေမယ့်
အော်မြည်တမ်းနေမိတဲ့ ငါ့ရင်ခတ်သံ
ကျိုးပဲ့တောင်ပံတစုံကို လစ်လျူမင်းရှု သံသယသောကတွေ နဲ့ ခေါင်းအုံးခိုင်းတယ်
( လေးစားပါတယ် ရှာရွန်)

commentinfo By: May Kha at Jan 27, 2012
Comment #3

hote ke,,
a yan ko kyi nu de,,kyay nat par de shin.
kyay zu tin par de.

commentinfo By: ei lay at Jan 27, 2012
Comment #4

မင်းသိလားး
ပေးဆပ်ချစ်ခြင်းရနံ့ ဆိုတာခမ်းနားတယ်

အချစ်ဆိုတဲအကြောင်းအရာတွေမှာ အမြစ်စွဲနာခဲ့ရတာ ဒီရင်ဘတ်ပေါ့

အမ…ခံစားနှစ်သက်သွားတယ်…

commentinfo By: poem.poem28 at Jan 27, 2012
Comment #5

မဖြစ်ချင်ခဲ့ ဘူးး
ရှင်သန်ခြင်းက ကသီလင်တ
အမည်တပ်ရုံစီးဆင်းခဲ့တာမှမဟုတ်တာ
မင်းသိလားး
ပေးဆပ်ချစ်ခြင်းရနံ့ ဆိုတာခမ်းနားတယ်

အချစ်ဆိုတဲအကြောင်းအရာတွေမှာ အမြစ်စွဲနာခဲ့ရတာ ဒီရင်ဘတ်ပေါ့
တကယ့်တကယ်တော့
ငါ့အနာဂတ်ပွင့်လွှာတိုင်း ကို မင်းအချစ်နဲ့ ထုဆစ်ခဲ့ တာ
မကြားနိုင်အောင် ဝေးမသွားပေမယ့် 
မမြင်နိုင်အောင်ဝေးမသွားကြပေမယ့်
အော်မြည်တမ်းနေမိတဲ့ ငါ့ရင်ခတ်သံ
ကျိုးပဲ့တောင်ပံတစုံကို လစ်လျူမင်းရှု သံသယသောကတွေ နဲ့ ခေါင်းအုံးခိုင်းတယ်

commentinfo By: zawthetoo at Jan 27, 2012
Comment #6

ကောင်းလှချည်လား လို့  ပြောပါရစေ…..

commentinfo By: newun at Jan 27, 2012
Comment #7

မင်းကိုတမ်းဆွေးလွမ်းဆွတ်ခြင်းဟာ
မြတ်နိုးဖွယ် အလွမ်း
ရှင်သန်လိုစိတ်ကိုသေချာစေတဲ့ အလွမ်း
မရှိကိုအရှိ ဖြစ်နေစေတဲ့ အလွမ်း
သူမကြားနိုင်မယ့် တေးတပုဒ်ကိုလည်း ငါတီးစမ်းကြည့်နေတယ်
ဂစ်တာအိုတောင် လွမ်းတတ်နေပြီ..
မရှရွန်ရေ..ရင်နဲ့ဖတ်သွားပါတယ်ဗျာ…ပေးဆပ်ချစ်ခြင်းဆိုတာ တကယ်ကိုခမ်းနားပါတယ်…..

commentinfo By: သက်တန့်ရောင် at Jan 27, 2012
Comment #8

ဖတ်ရှုအားပေးကြပါသောဆရာသမားများအားလုံးကို လေးစားချစ်ခင်လျှက်ကျေးဇူးအထူးပါ
အကြံ ညဏ်များပေးစေလို ပါတယ် 🙂

commentinfo By: sharon myorr myor at Jan 27, 2012
Comment #9

ei lay ko kya dot ma pyaw bu,,
daw p,,daw p,,myor ko khaw dot bu,,

commentinfo By: ei lay at Jan 27, 2012
Comment #10

အားးး ဆရာသမားတွေ ဆိုတာ မ အိလေးကထိပ်ဆုံးကပါတယ်ဗျ
မအိ ရဲ့ အားပေးမှုတွေ က မျော အတွက် အမြဲတမ်းရဲ့ အားဆေးပါ
ကျေးဇူးအိ
wanna hug u 🙂

commentinfo By: sharon myorr myor at Jan 27, 2012
Comment #11

hin,,,myor naw.
hote hma ma hote dar,,
ei lay ka bar hma ma yae tat tar,,
sayar tway yae htar dar ko like p phat,,,p yin yin hte shi tar tway ko r ma nar tan pyaw,,,kwi,,kwi,,
han ma saung tat loh par naw,,,dar lay dot kwint hlut pay par,,
ei lay ka myor ko ne ne bo kya chin loh yit like dar,,
he,he,,khu myor ko po chit twar p,

i’ve already read this strong poem 6 times.

commentinfo By: ei lay at Jan 27, 2012
Comment #12

luv u too
n
thanks xo much 🙂

commentinfo By: sharon myorr myor at Jan 28, 2012
Comment #13

ဟူးးးးးးးးးးးးးး
အလွမ်းမျက်ရည်တွေနဲ့ မျက်နှာသစ်နေရပါပြီဗျာ..
ကောင်းလိုက်တဲ့ ကဗျာ လေးပါ..တော်ပါတယ်..

commentinfo By: zombie at Feb 6, 2012
Comment #14

အားပေးသွားပါတယ်..ဆိုဒ်ကိုရောက်ဖြစ်တိုင်းမဖြစ်မနေ၀င်ဖတ်ရလောက်အောင်….ကောင်းပါတယ်…ကြိုက်ပါတယ်စာသားလေးတွေ

commentinfo By: taryar at Feb 12, 2012
Comment #15

ကျေးဇူးး zombie
hkam ja na hpe kam ai grai shakut u yaw ..
God Bless U !

commentinfo By: sharon myorr myor at Feb 16, 2012
Comment #16

ကျေးဇူး အထူးတင်ပါတယ် ကိုတာရာ
ကျနော် အလေးထား သတိရနေပါ့မယ်

commentinfo By: sharon myorr myor at Feb 16, 2012
Comment #17

အမြဲသစ်လွင်လတ်ဆတ်နေမဲ့ နွေဦးးးးးးး

commentinfo By: နတ်သမီး at Mar 8, 2012
Comment #18

မှန်ပါ့ဗျာ
နတ်သမီးရေ ..သစ်လွင်လတ်ဆတ်မှုတွေ မှာအလွမ်း တွေလဲ ချိုရှရှနဲ့ ဒွန်တွဲလျက်ပေါ့
( အားပေးဖတ်ရှုပေးတာကိုကျေးဇူးတင်ပါတယ် )

commentinfo By: sharon myorr myor at Mar 9, 2012
Comment #19

miss soooooooooo much.

commentinfo By: ei lay at Mar 9, 2012
Comment #20

miss u too ei 🙁

commentinfo By: sharon myorr myor at Jun 3, 2012
Comment #21

whenever i read,,i feel pleased,satisfied,
ever touching,

commentinfo By: ei lay at Jul 29, 2012
Comment #22

ကျေးဇူး အထူးးးးးးးးးးးးးးးး အကြီးကြီးတင်ပါသည် …….. ။ 🙂

commentinfo By: sharon myorr myor at Dec 4, 2012
Comment #23

အချစ်ဆိုတဲအကြောင်းအရာတွေမှာ အမြစ်စွဲနာခဲ့ရတာ ဒီရင်ဘတ်ပေါ့
တကယ့်တကယ်တော့
ငါ့အနာဂတ်ပွင့်လွှာတိုင်း ကို မင်းအချစ်နဲ့ ထုဆစ်ခဲ့ တာ
မကြားနိုင်အောင် ဝေးမသွားပေမယ့် 
မမြင်နိုင်အောင်ဝေးမသွားကြပေမယ့်
အော်မြည်တမ်းနေမိတဲ့ ငါ့ရင်ခတ်သံ
ကျိုးပဲ့တောင်ပံတစုံကို လစ်လျူမင်းရှု သံသယသောကတွေ နဲ့ ခေါင်းအုံးခိုင်းတယ် ……… အရမ်းကောင်းပါတယ် … တစ်ခါဖတ်မိရုံနဲ့ ရင်ထဲရောက်အောင်ရေးတတ်တယ်

commentinfo By: cherry4cheery at Sep 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment