Professional Authors

ကဗျာမဆန်သော လမ်းခွဲ

မင်းကြောင့် ..
ပျော်ရွင်ခဲ့ ရတဲ့  ခဏတာတွေအတွက်..
ကျေးဇူးပါ..ကလေးရာ

နူတ်မဆက်ဘဲ ထွက်သွားတယ်ဆိုပေမဲ့ 
ထားသွားသူနဲ့ ကျန်ရစ်သူ..ဘယ်သူမှ မပိုဘူး
ငါတို့ ထပ်တူ ခံစားခဲ့ ကြတာပဲ…

ငါ..နင်ပျော်ဖို့ အတွက်
နေ့ သစ်တိုင်း ဆုတောင်ပေးမယ်
ဒီလိုနဲ့ မေ့သွားကြမယ်ဆိုရင် အကောင်းသားပေါ့

မဖြစ်နိုင်ဘူးဆိုတာ ..သိရက်နဲ့ 
ငါတို့ တွေ ကြယ်တွေ ရေခဲ့ ကြတယ်
ရင်ဘတ်ခြင်း အငွေ့ အသက်တွေ နဲ့ 
ပူနွေးခဲ့ကြတယ်..

ဘယ်လိုမှတော့..မဖြစ်နိုင်ခဲ့ ဘူးလေ
ဒီထက်ပိုရင် ငါတို့ နာကျင်ကြဖို့ ပဲရှိတယ်

နင် ဖျက်ဆီးလိုက်ပါပြောတဲ့
အမှတ်တရတွေ ငါသိမ်းထားပါ့မယ်

ဒါပေမဲ့ …ငါဒီဇာတ်လမ်းကို
ဒီလိုနဲ့ ဇာတ်သိမ်းသွားရမှာကိုတော့
ငါ…လက်မခံရဲလောက်အောင်..
…လွ  မ်း တ ယ် ….

Anyway ကျေးဇူးပါ..
အထီးကျန်ခြင်းကို မခံစားချင်လို့ 
ငါ…ထွက်သွားခြင်းနဲ့ ဖြေသိမ့်လိုက်ပါမယ်
မင်း…ချစ်တဲ့ သူနဲ့ ထာဝရ ပျော်ရွင်ပါစေ ။ ။


really not poem ,, just confession

In: ကဗျာ Posted By: Date: Jan 25, 2012
Comment #1

မင်းကြောင့် ..
ပျော်ရွင်ခဲ့ ရတဲ့  ခဏတာတွေအတွက်..
ကျေးဇူးပါ..ကလေးရာ

ကျေးဇူးဆိုတာ ကြံဖန်တင်ရတယ်တဲ့။ ကြားဘူးတယ်။

commentinfo By: kantkawmg at Jan 25, 2012
Comment #2

မင်းကြောင့် ..
ပျော်ရွင်ခဲ့ ရတဲ့  ခဏတာတွေအတွက်..
ကျေးဇူးပါ..ကလေးရာ

နူတ်မဆက်ဘဲ ထွက်သွားတယ်ဆိုပေမဲ့ 
ထားသွားသူနဲ့ ကျန်ရစ်သူ..ဘယ်သူမှ မပိုဘူး
ငါတို့ ထပ်တူ ခံစားခဲ့ ကြတာပဲ…

commentinfo By: May Kha at Jan 25, 2012
Comment #3

har,,,
so kind-hearted naw,

commentinfo By: ei lay at Jan 27, 2012
Comment #4

!_!
!_!
!_!

commentinfo By: ei lay at Oct 14, 2012
Comment #5

Anyway ကျေးဇူးပါ..
အထီးကျန်ခြင်းကို မခံစားချင်လို့ 
ငါ…ထွက်သွားခြင်းနဲ့ ဖြေသိမ့်လိုက်ပါမယ်
မင်း…ချစ်တဲ့ သူနဲ့ ထာဝရ ပျော်ရွင်ပါစေ ။ ။

commentinfo By: မေပျို at Dec 5, 2012
Comment #6

နင်ဖျက်စီးလိုက်ပါပြောတဲ့ အမှတ်တရတွေ
သိမ်းထားပါ့မယ်
like

commentinfo By: EP at Jun 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment