Professional Authors

”ဒါပေမဲ့လည်း”

 ”ဒါပေမဲ့လည်း”
ငါ့ဘက်ကစပြီး
လမ်းခွဲစကားမပြောပါဘူး။
ဒါပေမဲ့လည်း နင့်ဘက်ကပြောလာရင်တော့
ကြည်ကြည်ဖြူဖြူ ငါစွန့်လွှုတ်ပေးပါ့မယ်ချစ်သူ
လမ်းခွဲနိုင်လို့တော့မဟုတ်ဘူး။
နင်စိတ်ချမ်းသာဖို့ပါ ချစ်ရသူရယ်။
ဝေးနေလို့လဲ ငါ့စိတ်တွေမယိုင်လဲဘူး
တစ်ချိန်တော့နီးနိုင်မယ်လို့
စိတ်ကထင်မိပါရဲ့
ဝေးနေပေမဲ့လည်း ဒီတိုင်းပါပဲ
ငါတို့ကဘယ်သောခါကမျှ
မဆုံဖူးသေးသကိုး၊
ဒါပေမဲ့လည်း လွမ်းစိတ်ကရင့်လာတော့
ငါတစ်ယောက်အရူးလိုပေါ့
တစ်ခါတရံတော့လည်း
ရင်ထဲမှာမျက်ရည်မိုးတွေရွာနေတာပေါ့
ဒါပေမဲ့လည်း စွတ်စိုရုံလေးပါ။
ဝေးတော့လည်းဝေးပါတယ်
လွမ်းတော့လည်းလွမ်းမိတယ်
ဒါပေမဲ့လည်း သိပ်ချစ်တယ်။

In: ကဗျာ Posted By: Date: May 22, 2010
Comment #1

တော်တော်သိလှချည့်လား။အဲဒါလေသမီးရေးတဲ့သီချင်း
မဆိုဖြစ်သေးလို့
ကွိကွိ¨~~~~:P

commentinfo By: Baby at May 22, 2010
Comment #2

ဟုတ်တယ်..သီချင်းနဲ့ တူတယ်…

commentinfo By: laypyay at May 22, 2010
Comment #3

ဟီးဟီး
ဟုတ်ပါပြီ။ဒီသီချင်းတင်မိတာမှားပြီထင်တယ်။ဟဲဟဲ
ဒီသီချင်းကနောက်၅နှစ်မှထွက်မှာ။ကြိကြီ
အားပေးကြပါအုံးလို့။သီချင်းတွေစိတ်ဝင်စားလို့ဆိုရင်
ဆိုချင်လို့ဘဲဖြစ်ဖြစ် သမီးကိုပြောလို့ရတယ်နော်။

commentinfo By: Baby at May 22, 2010
Comment #4

ဟုတ်လား baby နင်က producer ပေါ့ ဟုတ်လား ။ နင် ဇီးထုပ်တွေ အရမ်းထုပ်နေရမှာပေါ့။ ကောင်းတယ်။
နင်ထုပ်တဲ့ဇီးထုပ်တွေကို ငါ များများစားပေးမယ်။

commentinfo By: hlawin777 at May 23, 2010
Comment #5

tain…..!
ဇီးထုပ်စားချင်ရင်ဝယ်စားပေါ့။သမီးကဆရာဝန်မကြီးလုပ်မှာ
ဇီးသီးထုပ်စရာလားလို့

commentinfo By: Baby at May 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment