Professional Authors

အဝေးဆုံးက အနီးဆုံး မေတ္တာ

 

ငါ အိပ်စက်ခဲ့တဲ့ အိပ်ယာထက်က
ခေါင်းအုံးတွေက ငါ့ နောက်ကျောမှာ
အမြဲတမ်း ရပ်တည်နေပေမဲ့
အကြိမ်တစ်ရာမှာ တစ်ကြိမ်သာ
ငါ့ မျက်နှာကို အပ်နှံဖို့ အခွင့်ထူးခဲ့တယ်..။ 

 

ပျော်ရွှင်မှုတွေနဲ့ မေ့လျော့နေတဲ့
ငါ့ သမိုင်းထဲ အချိန်သာ ကုန်ဆုံးခဲ့လို့
မနက်ဖြန် ငါ့ မျှော်လင့်ချက်တွေလည်း
ဝေးလျက် နီးနေမြဲ…။ 

 

ကျောင်းသင်္ခန်းစာနဲ့ လိုအပ်ချက်ရှိတဲ့
ပညာရေး စာမျက်နှာပြင်ထဲ
ဘဝတခုလုံး အပ်နှံခဲ့ရင်း
ကိုယ်ပိုင်အရေးတွေလည်း ပျောက်ဆုံးခဲ့လို့
ဘဝတခု မအိပ်စက်ခင် ခဏလေးထဲ
အတွေးဆက်လို့ အသိရလိုက်တဲ့
ဒီည ကောင်းကင်ထဲ ကြယ်တွေကလည်း
ဝေးလျက် နီးနေမြဲ…..။ 

 

နူးညံ့မှုတွေကို ကျောခိုင်းလို့
နှစ်သက်တာကို နှစ်သက်
ကြိုက်တာကို ကြိုက်ခဲ့
ယုံကြည်ရာတွေကို အမှန်တရားနဲ့
စည်းမျဉ်းထုတ်ရင်း ခုနှစ်တွေသာ ကုန်ဆုံးခဲ့
အရှိကို အရှိနဲ့ အရိုးသားဆုံး ပွင့်လင်းခဲ့သမျှ
အခုတော့ ခဝါချလို့
နေညိုညို ညနေခင်းမှာ
စောင့်မျှော်နေဆဲ ပန်းတိုင်ဟာ
ဝေးလျက် နီးနေဆဲပါ…။ 

 

အရွယ်မတိုင်မှီ အိုးပုတ် ဂျိုးရိုပ်တွေလည်း
ဘဝစာမျက်နှာပြင်မှာ ဆော့ကစားခဲ့ဖူးမယ်
အရွယ်ရောက်လာတဲ့ ဘဝကြေးမှံပြင်မှာလည်း
နှလုံးသား စက်ရုပ်လေးတွေနဲ့
ဆော့ကစားခဲ့ဖူးမယ်
ဒဏ်ရာတွေလည်း ရှိခဲ့ဖူးမယ်
ဝေဒနာတွေလည်း ပန်ဆင်ခဲ့ဖူးမယ်
ပျော်ရွှင်ခြင်းတွေလည်း စိတ်ကူးယဉ်ဖူးမယ်
အတွေးတွေနဲ့ အတိတ်တွေလည်း
ဖူးပွင့်ဖူးတဲ့ အခါလည်း ရှိမယ်
ကြွေကျမြေခဖူးတဲ့ ပန်းခရေတွေလိုလည်း
တွေ့ကြုံခံစားရင်း နေလောင်ပြင်မှာ
နွမ်းနယ် စိတ္တဇဖြစ်လို့
အတည်မကျသေးတဲ့ အထီးကျန်ဥယျောဉ်ထဲ
အဝေးဆုံးက အနီးဆုံး မေတ္တာပန်းတစ်ပွင့် လိုအပ်နေဆဲ…။ 

 

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Jan 24, 2012
Comment #1

နူးညံ့မှုတွေကို ကျောခိုင်းလို့
နှစ်သက်တာကို နှစ်သက်
ကြိုက်တာကို ကြိုက်ခဲ့
ယုံကြည်ရာတွေကို အမှန်တရားနဲ့
စည်းမျဉ်းထုတ်ရင်း ခုနှစ်တွေသာ ကုန်ဆုံးခဲ့
အရှိကို အရှိနဲ့ အရိုးသားဆုံး ပွင့်လင်းခဲ့သမျှ
အခုတော့ ခဝါချလို့
နေညိုညို ညနေခင်းမှာ
စောင့်မျှော်နေဆဲ ပန်းတိုင်ဟာ
ဝေးလျက် နီးနေဆဲပါ…။
..
မိုက်ချက်…

commentinfo By: အသဲကွဲမိုး at Jan 24, 2012
Comment #2

အရွယ်ရောက်လာတဲ့ ဘဝကြေးမှံပြင်မှာလည်း
နှလုံးသား စက်ရုပ်လေးတွေနဲ့
ဆော့ကစားခဲ့ဖူးမယ်
ဒဏ်ရာတွေလည်း ရှိခဲ့ဖူးမယ်
ဝေဒနာတွေလည်း ပန်ဆင်ခဲ့ဖူးမယ်
ပျော်ရွှင်ခြင်းတွေလည်း စိတ်ကူးယဉ်ဖူးမယ်
အတွေးတွေနဲ့ အတိတ်တွေလည်း
ဖူးပွင့်ဖူးတဲ့ အခါလည်း ရှိမယ်
ကြွေကျမြေခဖူးတဲ့ ပန်းခရေတွေလိုလည်း
တွေ့ကြုံခံစားရင်း နေလောင်ပြင်မှာ
နွမ်းနယ် စိတ္တဇဖြစ်လို့
အတည်မကျသေးတဲ့ အထီးကျန်ဥယျောဉ်ထဲ
အဝေးဆုံးက အနီးဆုံး မေတ္တာပန်းတစ်ပွင့် လိုအပ်နေဆဲ…။

commentinfo By: May Kha at Jan 24, 2012
Comment #3

အသဲကွဲမိုးနဲ့ မေခရေ… အခုလို အားပေးသွားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်… နောက်လည်း အားပေးပါအုန်းနော်… ကျနော်လည်း ဆက်လက်ကြိုးစားနေဆဲပါ….

ခင်မင်စွာဖြင့်…

တက္ကသိုလ်မြတ်မင်း

commentinfo By: venpunna at Jan 24, 2012
Comment #4

har,,,,,,,,,
kwat ti be..
kyike e.

commentinfo By: ei lay at Jan 24, 2012
Comment #5

အခုလို အားပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ…
နောက်လည်း အားပေးပါအုန်း ခင်ဗျာ…
ခင်မင်စွာ….

တက္ကသိုလ်မြတ်မင်း

commentinfo By: venpunna at Jan 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment