Professional Authors

နောက်ဆုံး .. မျှော်လင့်ခြင်း

ကောင်းမလေးရယ် …

အနောက်ဘက် ကောင်းကင်ထဲ
နေမင်း ၀င်ရောက်ပျောက်ကွယ်လို့
အလင်းရောင်မဲ့ နေခဲ့ရင်တောင်
ငါ့ နှလုံးသားက မင်းကို မြင်နေရတယ် …

ပေးခဲ့တဲ့ အမုန်းတွေရဲ့ နောက်ဆုံးတစ်နေ့
စိတ်ထားတွေ ပြောင်းလဲပြီး
ပြန်များ ချစ်လာမလားလို့
မျှော်လင့်ရင်း ရူးနေတဲ့
အချစ် ငတ်နေသူကို သတိရပေးပါ …

နောင်လာမယ့် တစ်နေ့နေ့ မှာ
ကြေကွဲနေတဲ့ ငါ့နှလုံးသားထဲ
မင်း အချစ်တွေ စီးဆင်းပြီး
ပျော်ရွှင်ခြင်း နေ့သစ်တွေ
အဆက်မပြတ် ခိုနားလာခဲ့ရင်
ငါ့ကမ္ဘာလေး ငြိမ်းအေးသွားမှာပါကွယ် … ။

Zero Boyz <<<<  zeroboyz123@gmail >>>>

In: ကဗျာ Posted By: Date: Jan 23, 2012
Comment #1

so so cute,,,

commentinfo By: ei lay at Jan 23, 2012
Comment #2

u’ll get what u give.
🙂

commentinfo By: ei lay at Nov 2, 2012
Comment #3

ချစ်စရာကောင်းတဲ့ စာသားလေးတွေ ပါ….
ကြည်နူးခြင်းတွေ ခံစား ရ ပါ တယ်…… ကျေးဇူး ပါ …..။

commentinfo By: saung Hnin Phyu at Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment