Professional Authors

အဆုံးမဲ့….ချစ်ခြင်း

 

နေကောင်းပါလား???

Asl plz???? မင်္ဂလာပါ

Nice 2 see u !!!

ဘာညာ..ကကျိ ကျလိတွေ မပါပဲ…

ခင်ဗျားလေး ကို ဆုံခဲ့

ရိုးသားစွာ ခင်မင်ခဲ့ကြခြင်းကို က

ကျွန်တော့် ရင်မှာ ခြံခတ် ….

တကယ့်ကို တန်ဖိုးတက်တဲ့ ..ဆက်ဆံရေးပါ။

 

အလဲလဲ အကွဲကွဲ နဲ့ အမြဲ သည်းနေသော

ကျွန်တော် မျိုး…..အဖြစ်ဆိုးတွေနဲ့ကြုံတိုင်း

လက်ကမ်းကာ….နှစ်သိမ့်ပေးခဲ့

(ဒီလိုသာဆို)…

ဒဏ်ရာဆိုတာ…ဖြစ်ပျက်သဘော…

အဲသလောက်…ပေါ့ပါးစွာ ဖော့ထားနိုင်ခဲ့တယ်။

 

ခင်ဗျားလေး ပျော်တဲ့အခါ ကျွန်တော်လည်း မော်

ကျွန်တော် ပြုံးတဲ့အခါ ခင်ဗျားလည်း ပျော်

အဲလိုသာဆို…

ဒီဘ၀ ..

အမှောင်ကျမှာ…တွေးကြောက်ဖို့မလိုတော့

ဆွေးကျန်သူ ဘေး ….ဖေးမကူညီ ပေး သူ

ရှိနေမှတော့..တကယ်ပါ

ဒီဘ၀ ….. အပေါ်ယံတွေ..ခ၀ါချလို့

ဗလာရောင်တွေ နဲ့ ထုံမွှမ်းထားမယ်

528 သော

ဖြူစင်ခြင်း ရဲ့ ချစ်ခြင်းမေတ္တာ။

 

(ကျွန်တော့် အား အမြဲနှစ်သိမ့် အားပေး ကူညီဖေးမခဲ့သော မောင်လေး ၊ ညီမလေးများသို့ ရည်ရွယ်ရေးသားပါသည်)

In: ကဗျာ Posted By: Date: Jan 23, 2012
Comment #1

ကောင်းလိုက်တဲ့ ကဗျာလေး…
ကျွန်တော် ဒီကဗျာလေးကို ဖတ်နေရင်းနဲ့ ကျွန်တော်တို့ အားလုံးကို ရည်ရွယ်ရေးသားမှန်းသိခဲ့သလို
နောက်ဆုံးမှား မမ မိုး ရေးထားတဲ့ စားသားလေးက ပိုပြီး ခိုင်မာအောင် သက်သေ ထွက်ဆိုပေးနေပါတယ်…။
အားပေးမှုတွေနဲ့ အတူ…
မမ ရဲ့ ၅၂၈ မောင်လေး…………..
ဇော်သက်ဦး(Ayatekalay)

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 23, 2012
Comment #2

မမိုး….ကျေးဇူးများစွာ………………..
ချစ်သော…..မောင်မောင်လေးးးးးးးးးးးးးးးးးးး

commentinfo By: poem.poem28 at Jan 23, 2012
Comment #3

အလဲလဲ အကွဲကွဲ နဲ့ အမြဲ သည်းနေသော
ကျွန်တော် မျိုး…..အဖြစ်ဆိုးတွေနဲ့ကြုံတိုင်း
လက်ကမ်းကာ….နှစ်သိမ့်ပေးခဲ့
(ဒီလိုသာဆို)…
ဒဏ်ရာဆိုတာ…ဖြစ်ပျက်သဘော…
အဲသလောက်…ပေါ့ပါးစွာ ဖော့ထားနိုင်ခဲ့တယ် …

ကဗျာလေး တော်တော် ကောင်းတယ်ဗျ … အားပေးသွားပါတယ် …

Zero Boyz

commentinfo By: Zero Boyz at Jan 23, 2012
Comment #4

မမိုးကို အမြဲအားပေးနေတယ်
မမိုးရဲ့ ၅၂၈ မေတ္တာ
ကြီးမားလှပေတယ်။

commentinfo By: gadounlay at Jan 23, 2012
Comment #5

ဒီကဗျာလေးလည်းကောင်းတာပါပဲဗျာ

commentinfo By: moehtetaung18 at Jan 23, 2012
Comment #6

အားပေးသွားပါတယ် ဗျာ….
တစ်ပုဒ်လုံးကြိုက်လို့ like သွားပါတယ်…. 🙂

commentinfo By: သက်တန့်ရောင် at Jan 23, 2012
Comment #7

kaung par d

commentinfo By: ei lay at Jan 23, 2012
Comment #8

ကျွန်တော် ရေးတဲ့ ရည်ညွှန်းကဗျာလေးကို ကျွန်တော် ချစ်သော ကဗျာမောင်နှမများမှ လက်ခံအားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Jan 23, 2012
Comment #9

မောင်နှမသံယောဇဉ်ကို ဖော်ကျူးထားတဲ့ကဗျာလေးဘဲ
ဖတ်ရတာ တကယ်အားရှိတယ်ဗျ
အစ်မတော်အသဲရေ ကြိုးစားထား
ကျွန်တော်လည်း အစ်မတော်ရဲ့သွေးရင်းတစ်ယောက်လိုအစ်မတော်ရဲ့အရေးအသားတွေကို အစဉ်အားပေးနေတယ်ဆိုတာ မေ့နဲ့နော် 🙂 ။

commentinfo By: X - ray at Feb 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment