Professional Authors

အနီးဆုံးက အဝေးဆုံး မေတ္တာ

 
လာလမ်းတွေလည်း မလှပခဲ့
ခရီးဆက်ဖို့လည်း တွေးကြောက်
ဒဏ်ရာတွေလည်း ကမောက်ကမနဲ့
အရှေ့ဆီက ရောင်နီအလာကို
ကြိုစောင့်လို့ မျှော်မိတယ်….။

ခရီးလမ်းကလည်း ကြမ်းတမ်း
မလန်းဆန်းတဲ့ ဘဝနဲ့
စိတ်ကူးတွေ ထိုင်ယဉ်နေရင်း
အချိန်တွေသာ ကုန်ဆုံးသွားခဲ့
ကာလလွန်သွားတဲ့ မိုးပြေးတွေအောက်
မိုးခါးတွေသာ သောက်သုံးရင်း
အထီးကျန် ပျံဝဲနေဆဲ…..။

အများသောက်သုံးတဲ့ အလှအပတွေနဲ့
သပ်ရပ်စွာ ပြင်ဆင်အလှဆင်လို့
ကာရံတွေဖွဲ့နွဲ့ရင်း အချိန်တွေသာကုန်ဆုံးခဲ့
နေညိုညို ရောင်နီကောင်းကင်အောက်
ဆည်းဆာတွေလည်း ပျောက်ဆုံးလို့
အိပ်တန်းဆီသို့ ပြန်ရောက်ခဲ့ပြီ…။

လိုအပ်ချက်တွေ ပြည့်လျှမ်းနေတဲ့
လောကဥပဒေ လူ့ဘောင်ထဲ
မေတ္တာအလင်းရောင်ကို ရှာဖွေရင်း
ဟိုဟာ ကောင်းတယ် ဒီဟာ ကောင်းတယ်
ရွေးချယ်မှုတွေ များပြားလွန်းလို့
အချိန်ကုန် လူ ပင်ပန်း နွမ်းနယ်ရင်း
အစာရှာတဲ့ ငှက်ငယ်တကောင်ရဲ့
ဘဝအဖော် ကြင်ဖော်တွေလည်း
ပျောက်ဆုံးလို့ အထီးကျန်နေခဲ့ပြီ…။

စာအုပ်တွေက ဘဝကို ပြန်ဖတ်
ဘဝ က သမိုင်းရေးရင်း
ကျက်စာပေါ်မှာ မှေးစက်နေဆဲ
သက္ကရာဇ် ခုနှစ်တွေသာ ခြစားလို့
ကာလမခြားတဲ့ နာရီစက္ကန့်တွေထဲ
လှုပ်ရှားမှုက နှေးကွေးနေဆဲ…။

အကြွေးတွေလား ဝဋ်ကြွေးတွေလား
ကံဇာတာကို ပုံချလို့ ပြောရရင်လည်း
ကံ က အမိ ကံ က အဖ
လောကဓံ ကြိုးဆွဲရာ က ရတဲ့
ဝင်သက် ထွက်သက်ထဲ
စွယ်တော်ရွက်ကို အဖော်ပြုလို့
ကြင်ဖော်ကို ရှာဖွေနေဆဲ….။ 

 
တက္ကသိုလ်မြတ်မင်း
http://www.myatminnpoem.blogspot.com
In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

စာအုပ်တွေက ဘဝကို ပြန်ဖတ်
ဘဝ က သမိုင်းရေးရင်း
ကျက်စာပေါ်မှာ မှေးစက်နေဆဲ
သက္ကရာဇ် ခုနှစ်တွေသာ ခြစားလို့
ကာလမခြားတဲ့ နာရီစက္ကန့်တွေထဲ
လှုပ်ရှားမှုက နှေးကွေးနေဆဲ…။

အကြွေးတွေလား ဝဋ်ကြွေးတွေလား
ကံဇာတာကို ပုံချလို့ ပြောရရင်လည်း
ကံ က အမိ ကံ က အဖ
လောကဓံ ကြိုးဆွဲရာ က ရတဲ့
ဝင်သက် ထွက်သက်ထဲ
စွယ်တော်ရွက်ကို အဖော်ပြုလို့
ကြင်ဖော်ရှာကို ဖွေနေဆဲ….။
ကောင်းမွန်သောအရေးအသားများစွာနှင့် ကဗျာလေးအား ခံစားအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 21, 2012
Comment #2

အသဲကွဲမိုးရေ ကျနော်ရဲ့ ကဗျာတွေကို အားပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ်… နောက်လည်း အားပေးပါအုန်းနော်…ခင်ဗျာ….
ကျနော်လည်း ဆက်လက် ကြိုးစားနေဆဲပါ ခင်ဗျာ…….

ခင်မင်စွာဖြင့်

တက္ကသိုလ်မြတ်မင်း………….

commentinfo By: venpunna at Jan 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment