Professional Authors

နတ်သမီး .. အိပ်မက်

နတ်သမီးလေးရေ …

မင်းရဲ့ မျက်ဝန်းနက်တွေက
ငါ့ဘ၀ ရင်ခုန်သံစည်းချက်တိုင်းကို
ချစ်ခြင်းရဲ့ သံစဉ်နုနုတွေ
သီကျူးပေးနိုင်ပါတယ် …

ယိုင်နဲ့နဲ့ နှလုံးသား
မျှော်လင့်ခြင်း ကမ်းပါးတစ်စုံကို
အပြာရောင် နှင်းစက်မှုန်တွေ
ခိုနားခွင့်ပြုပါ …

တကယ်တော့ …. နင်ဟာ
အချစ်မဲ့နေခဲ့တဲ့
ငါ့နှလုံးသားပြတိုက်မှာ
ပျော်ရွှင်ခြင်း နတ်သမီးတစ်ပါးအဖြစ်
ထာဝရလင်းလက်နေမယ့်
( လ ) တစ်စင်းနဲ့အတူ
အမြဲတမ်း ပျံဝဲ နေပါတယ် …

ဖော်ရွေ … ချိုမြိန်တဲ့
မျက်ဝန်းနက်တွေနဲ့
ငါ့နှလုံးသား ကြယ်ရောင်စုံတွေကို
အပြီးအပိုင် သိမ်းပိုက်ခြင်း ပြုပါတော့ကွယ် … ။

Zero Boyz   >>>  zeroboyz123@gmail  <<<

In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

အားပေးသွားပါတယ်ဗျာ

commentinfo By: ရွှေကြယ်မိုး at Jan 21, 2012
Comment #2

မျက်ဝန်းနက်နက် နဲ့ နတ်သမီးရေ
မင်းရဲ့ မျက်ဝန်းနက်တွေက
ငါ့ဘ၀ ရင်ခုန်သံစည်းချက်တိုင်းကို
ချစ်ခြင်းရဲ့ သံစဉ်နုနုတွေ
သီကျူးပေးနိုင်ပါတယ် …
ကောင်းလိုက်တဲ့ကဗျာလေးဗျာ
အားပေးနေတယ်။

commentinfo By: gadounlay at Jan 21, 2012
Comment #3

ဆုံဆည်းပါစေ..ဆုတောင်းပေးရင်းအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 21, 2012
Comment #4

da ke naw,,,
ma nout ne,,
a pine tane like yin 1 ba wa lone naw,,
think twice.
he,,he,,

commentinfo By: ei lay at Jan 23, 2012
Comment #5

super like

commentinfo By: ei lay at Jul 30, 2012
Comment #6

this lovely poem ever make me smile,

commentinfo By: ei lay at Nov 2, 2012
Comment #7

Cutie

commentinfo By: ei lay at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment