Professional Authors

မပြောင်းလဲသော

စိတ်ရောကိုယ်ပါနှစ်ပြီး ပျော်နေမိတဲ့အချိန်မှ
ပျော်စရာတွေက အိပ်မက်ဖြစ်ဖြစ်သွားလွန်းတော့
အိပ်ရမှာကို ကြောက်တတ်လာပြီ  …

ငါ့နား ဘယ်သူမှမရှိတော့တဲ့ခါ …
နင်များရှိမလားပေါ့ …. မျှော်လင့်ချက်တွေနဲ့ ရှိုက်မော …
ငါ့အရိပ်ကို ငါပြန်ကြောက်ရတယ် …
အော် .. ငါ “ဘယ်သူမှ”ဆိုတဲ့စကားလုံးကို နားမလည်သေးတာ …

ဒီလိုနဲ့ …
ပင်ပန်းတကြီး ဆုပ်ကိုင်ထားရတာ နာကျင်လွန်းလို့
ဖြေလျှော့ပေးဖို့ ကြိုးစားမိတယ် …
လွှတ်ချခါနီးဆဲဆဲ … ဘယ်ဘက်ခြမ်းက ကလီစာတခု
စူးစူးနင့်နင့် ဆန္ဒပြ … ငါ နင့်ကို ချစ်နေတုန်းပဲ ဟန်နီ …

အားကိုးတကြီးဆုပ်ကိုင်ထားမိတဲ့လက်တစုံ …
ဖြုတ်ချချန်ခဲ့ဖို့ မဖြစ်နိုင်တော့တဲ့ အခြေနေတစ်ခု …
နင့်လက်ကိုတွဲ .. ဟိုးရှေ့ကို ဆက်လျှောက်ချင်တယ်
ငါ့ကို စိတ်ဓါတ်ခွန်အားတွေ ပေးသနား …

မလွမ်းချင်ယောင်ဆောင်ထားမယ် … ငါ့ကိုယ်ငါအနိုင်ရဖို့
ငါ … မလွမ်းချင်ယောင်ဆောင်ထားတယ် …
ကိုယ့်ရင်ကိုယ် ဖိ …ဖိ နေရင်းကို နာနေရဲ့ …
မျက်ဝန်းတစ်ဝိုက် စွတ်စို … ပခုံး တစ်စုံလောက် လိုချင်လိုက်တာ …

ပြုံးနေတိုင်း ပျော်မယ်ထင်လား … နင့်မျက်နှာမညှိုးရုံသက်သက် …
ငါပျော်လို့ ငါလျှောက်ခဲ့တဲ့လမ်းပဲ … ငါ ရဲ ရမယ် …
တစ်နေ့တစ်လံ .. ပုဂံကတော့ ဘယ်ရွှေ့မလဲ …
ဖိနပ်တွေသာ ပါးပါး လာတယ် …
 
ကျောချင်းကပ်ပြီး မဝေးပါရစေနဲ့လား …
ချစ်ခဲ့ပြီးမှတော့ … ဆုံးရှုံးဖို့ကို ငါမတွေးတော့ဘူး …

အရင်လိုပဲပေါ့ …
    ဒီလမ်းဘယ်လောက်ကြမ်းကြမ်း …
        နင့်လက်ကိုတွဲ ..       
            ငါ .. ရဲ ရဲ လျှောက်မယ် …

In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

တကယ် အရမ်းကြိုက်တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 21, 2012
Comment #2

ဟုတ် … ကျေးဇူးပါ … 😀

commentinfo By: Nge Lay at Jan 21, 2012
Comment #3

ပြုံးနေတိုင်း ပျော်မယ်ထင်လား … နင့်မျက်နှာမညှိုးရုံသက်သက် …
ငါပျော်လို့ ငါလျှောက်ခဲ့တဲ့လမ်းပဲ … ငါ ရဲ ရမယ် …
တစ်ပုဒ်လုံးကောင်းတယ်ဗျ။အဲဒီစာသားလေးကိုတော့ပိုကြိုက်တယ်
အားပေးနေပါတယ်…

commentinfo By: poem.poem28 at Jan 21, 2012
Comment #4

ကျောချင်းကပ်ပြီး မဝေးပါရစေနဲ့လား …
ချစ်ခဲ့ပြီးမှတော့ … ဆုံးရှုံးဖို့ကို ငါမတွေးတော့ဘူး …

အရင်လိုပဲပေါ့ …
ဒီလမ်းဘယ်လောက်ကြမ်းကြမ်း …
နင့်လက်ကိုတွဲ ..
ငါ .. ရဲ ရဲ လျှောက်မယ် …
အရမ်းကို အဓိပ္ပါယ်ရှိတဲ့ကဗျာလေးပါပဲံ

commentinfo By: ရွှေကြယ်မိုး at Jan 21, 2012
Comment #5

အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် …း)

commentinfo By: Nge Lay at Jan 21, 2012
Comment #6

ကျောချင်းကပ်ပြီး မဝေးပါရစေနဲ့လား …
ချစ်ခဲ့ပြီးမှတော့ … ဆုံးရှုံးဖို့ကို ငါမတွေးတော့ဘူး …

ဆုတောင်းတွေပြည့်စေ….ဟီးးးး
ကဗျာလေး မဆိုးဝူး…အားပေးသွားတယ် မငယ်လေး
🙂

commentinfo By: tharthar at Jan 22, 2012
Comment #7

ကြိုက်တယ်ဗျာ…
ခံစားချက်တွေ.ပြင်းတယ်နော်…။

commentinfo By: kyawnewun at Jan 23, 2012
Comment #8

ko thar , ko kyawnewun … thz 4 your supports 😉

commentinfo By: Nge Lay at Jan 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment