Professional Authors

သင်းကွဲငှက်ရဲ့ အိမ်အလွမ်း

ထမင်းဝိုင်းလေး…..

လက်ဆုံ ထမင်းဝိုင်းလေး…..

 

အတိအကျပြောရရင်

အိမ်မက်က ရာသီစာဖြစ်ခဲ့တာ ကြာပါပေါ့။

ရွေးချယ်ခဲ့တဲ့ ဒီလမ်း

အတိအကျပြောကြစတမ်း ဆို

အဓိက တရားခံကျနော်

ငွေ..ငွေ..ငွေ……………

အားလုံးအဆင်ပြေနိုင်ဖို့

ရယ်သံချိုချိုတွေကို ကျောခိုင်းခဲ့ရတယ်

ရင်ထဲမှာ နာလိုက်တာ အမေရယ်။

 

သူများတွေ မက်မောကြတဲ့ KFC လဲ

ကျနော် မသတီဘူးအမေ

“ဆန်ပေးမှ..ဆီရ”

အသက်မပါတဲ့ အပြုံးတွေ

မိသားစုမပါတဲ့ ထမင်းဝိုင်းကြား

အသက်ကြီးသွားရတာ အဓိပ္ပါယ်မဲ့တယ်။

 

မြိုရခက်၊ ထွေးရခက်

ကျနော် ထမင်းစားပျက်တာ ကြာပြီအမေ

အသက်ရှင်မှုသက်သက်

မြိုချခဲ့ရတဲ့ နေ့တွေ

ခါးတယ်…ခါးတယ်။

In: ကဗျာ Posted By: Date: Jan 20, 2012
Comment #1

အတိအကျပြောရရင်

အိမ်မက်က ရာသီစာဖြစ်ခဲ့တာ ကြာပါပေါ့။

ရွေးချယ်ခဲ့တဲ့ ဒီလမ်း

အတိအကျပြောကြစတမ်း ဆို

အဓိက တရားခံကျနော်

ငွေ..ငွေ..ငွေ……………

အားလုံးအဆင်ပြေနိုင်ဖို့

ရယ်သံချိုချိုတွေကို ကျောခိုင်းခဲ့ရတယ်

commentinfo By: May Kha at Jan 20, 2012
Comment #2

တကယ့်ကို အနှစ်ပါတဲ့ကဗျာကောင်းလေးတပုဒ်ပါ….ကျွန်တော် နှစ်သက်စွာ အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #3

Like Your Comment…:)

commentinfo By: saiaipee shanland at Jan 20, 2012
Comment #4

မျက်စိထဲ မြင်ယောင်နိုင်အောင် အရေးအဖွဲ့ က အသက်ပါတယ်..

commentinfo By: NC at Jan 20, 2012
Comment #5

အားပေးတာ ကျေးဇူးအရမ်းတင်ပါတယ် NC 🙂

commentinfo By: saiaipee shanland at Jan 20, 2012
Comment #6

ကိုစိုင်းအိုက်ပီးပျောက်နေတာကြာပြီဗျ နော်
ဒီကဗျာလေး အရေးအဖွဲ့အရမ်းလှတယ် ကျောက်မဲမြို့လေးအတိုင်းဘဲ ။

commentinfo By: X - ray at Jan 20, 2012
Comment #7

အရမ်းကိုကောင်းတဲ့ကဗျာလေးပါပဲဗျာ
အားပေးသွားပါတယ်
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 20, 2012
Comment #8

အွန်လိုင်းမှတော့ ရှိနေပါတယ် X-ray ရေ..။ အလုပ်တစ်ဖက်နဲ့ဆိုတော့ ကဗျာသိပ်မရေးဖြစ်လို့ပါဗျာ။
အားလုံးပဲ အားပေးကြတာကျေးဇူးတင်ပါတယ်။

commentinfo By: saiaipee shanland at Jan 20, 2012
Comment #9

ကြိုက်မိပါတယ်….သြ..ဘ၀တွေတူနေလိုက်တာ 🙂

commentinfo By: lynntansaung at Jan 21, 2012
Comment #10

အားပေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ။ အဝေးရောက်နေကြတဲ့ သူငယ်ချင်းတွေကိုယ်စားပါ 🙂

commentinfo By: saiaipee shanland at Jan 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment