Professional Authors

တဖက်သက်ချော့တေး (ခင်ဗျားလျစ်လျူရှုတဲ့..ကျုပ်ရဲ့ )

သံသယတွေ အပို ပါမလာခဲ့ဘူးဆို
အနာတရတွေဖြစ်အောင်
မတိုက်ခိုက်ပါနဲ့ဗျာ…….
ခင်ဗျားနှုတ်ကထွက်တဲ့ စကား….
………………………..
အသေးစားလောက် ကြမ်းရင်တောင်
အသည်းကျွမ်း..စေတတ်လို့…..
ဒဏ်ရာကင်းကင်း…..သည်းထန်ခွင့်လေးပေးသနားပါ…….
သင့်ကောင်းကင်မှာ..ဒီမိုး…………မစဲ စေရ။

ပွင့်ပွင့်လင်းလင်း….ပြောကြေးဆို..ခင်ဗျားရက်စက်တယ်ဆိုတာ
ကျုပ်သိတတ်ခဲ့ပြီးသား
အပျင်းပြေ…ဖို့…..အပျင်းဖြေရအောင်
ခင်ဗျားက……စာအုပ်တအုပ်…၀ထ္ထုတပုဒ်မှ..မဟုတ်ပဲ
ခဏခဏအပြစ်တွေတင်
တစစတိုးကာ..အနိုင်မကျင့်ပါနဲ့………..
စဲစေချင်စဲ..သည်းစေချင်သည်းနဲ့
….ခင်ဗျားအတွက်နဲ့မှ……
12 ကြိုးကဝေ….ဖြစ်…
ဒီမိုး….အသည်း…နုတတ်လွန်းတယ်။

မြင်သာထင်သာမရှိတဲ့အချစ်ဆိုပေမယ့်
မနှင်သာ…မခွဲသာ…စွဲလမ်းခဲ့သူမို့
ခင်ဗျား…..ရှိတဲ့..ဒီရွာထဲ……….
လိုအပ်တယ်ဆိုခဲ့ရိုး….မှန်ရင်
အဆင်မသင့်ခဲ့လည်း…..ဘ၀င်မြင့်စွာရွာသွန်းပါ့မယ်။

တကယ်ဆို…………
ခင်ဗျားဆိုတာ
ကျုပ်တဘ၀စာ…ထုတ်ပိုးသိမ်းဆည်းထားချင်တဲ့
ရွှေကြုတ်လေးပါဗျာ………
……………………..
အကျင့်အကြံမှာ….အစစ်အမှန်သာ..သွန်းထားတဲ့သူမို့
ခင်ဗျားကို ချစ်တဲ့စိတ်နဲ့ ပတ်သက်
………………………………….
အဲဒီ..အပိုပါမလာတဲ့သံသယတွေ.နဲ့
မပုပ်ခတ်ပါနဲ့။…ဒီမိုး..ရှေ့ဆက်ဖို့..ခက်ခက်နေလို့ပါ။ ။

(ကျွန်တော်..မရက်စက်တတ်ပါဘူး)

June 9, 2011 at 11:17pm (တော်တော်တော့ကြာပါပြီဗျာ)

In: ကဗျာ Posted By: Date: Jan 20, 2012
Comment #1

တော်ကီတွေကို လေးစားလောက်ပါရဲ့ … အသဲကွဲနေတာတောင် စကားလုံးတွေက မထပ်သေးဘူးနော်… မိုး
အသဲကွဲမိုး ဆိုတဲ့ ကလောင်အတိုင်း တစိုက်မတ်မတ် ကြိုးစားအားထုတ် ရေးသားနေတဲ့ မိုး… ကို
လေးစားခင်မင်လျှက်ပါ…

နရီထက်

commentinfo By: Nayihtet at Jan 20, 2012
Comment #2

မမိုး….တကယ် ကောင်းတယ်ဗျာ ကြိုက်လည်း ကြိုက်တယ်
ထပ်တူခံစားအားပေးသွားပါတယ်ဗျာ….

commentinfo By: poem.poem28 at Jan 20, 2012
Comment #3

ကို နရီထက်လို လူမျိုးတယောက်ဆီက အားပေးစကားကြားရတဲ့အတွက် အထူးဝမ်းသာပါတယ်ခင်ဗျာ
ကျွန်တော့် အားပေးကြတဲ့ ဒီ ရွာလေး က ကဗျာမောင်နှမများအားလုံးဟာ..ကျွန်တော့် အတွက် ..တကယ့်ကို အရေးကြီးတဲ့…အားဆေးတွေပါပဲ

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #4

အသဲကွဲတဲ့သူရယ်
အသဲခွဲတဲ့သူရယ်
အသဲခွဲတယ်ထင်တဲ့သူရယ်
အသဲခွဲတယ်လို့အထင်ခံရတဲ့သူရယ်
ခံစားမှုတွေအစုံနဲ့ ကဗျာတွေဖြစ်လာတယ် ….

commentinfo By: poohmay at Jan 20, 2012
Comment #5

ဘာပြောရမှန်းမသိအောင်တောင် ကောင်းတဲ့ကဗျာလေးဗျာ။ ကျနော်လဲ ခံစားဖူးရတော့ ပိုကြိုက်သွားတယ်။
အားပေးနေပါတယ် မအသဲကွဲမိုးရေ။ 🙂

commentinfo By: saiaipee shanland at Jan 20, 2012
Comment #6

မြင်သာထင်သာမရှိတဲ့အချစ်ဆိုပေမယ့်
မနှင်သာ…မခွဲသာ…စွဲလမ်းခဲ့သူမို့
ခင်ဗျား…..ရှိတဲ့..ဒီရွာထဲ……….
လိုအပ်တယ်ဆိုခဲ့ရိုး….မှန်ရင်
အဆင်မသင့်ခဲ့လည်း…..ဘ၀င်မြင့်စွာရွာသွန်းပါ့မယ်။

commentinfo By: May Kha at Jan 20, 2012
Comment #7

တစ်ပုဒ်ရေးတိုင်း အနာဟောင်းကိုတစ်ခါပြန်ဆွတယ်…
စကားလုံးနဲ့သတ်တဲ့ လူသတ်သမားပဲ
မကြီးမိုးကို တရားစွဲမယ်…

commentinfo By: လွမ်းနောင်.. at Jan 20, 2012
Comment #8

အားပေးသွားတဲ့ ကျွန်တော့် ကဗျာမောင်နှမများအားလုံးကျေးဇူးပါခင်ညာ…
မြေးလေး လွမ်းနောင် ..အဲလိုတကယ်လုပ်ရ၀ူးနော် 😛

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #9

လွမ်းနောင်ပြောတာမှန်တယ်
မမရဲ့စာတွေ ဖတ်ရင် သေမလိုခံစားရတာ
မဖတ်တော့ဘူးလို့ တွေးဖူးတယ်…..မရဘူးးး
မးယစ်ဆေးလိုစွဲစေတယ်……
အကျိုးနည်းကောင်းတယ်ဗျာ……
လေးစားလျှက်ပါမမ

commentinfo By: sharon myorr myor at Jan 20, 2012
Comment #10

မမရဲ့စာတွေ ဖတ်ရင် သေမလိုခံစားရတာ
မဖတ်တော့ဘူးလို့ တွေးဖူးတယ်…..မရဘူးးး
မးယစ်ဆေးလိုစွဲစေတယ်……
အကျိုးနည်းကောင်းတယ်ဗျာ……
လေးစားလျှက်ပါမမ
…………………………………..sharon ..ညီမရဲ့ အားပေးစကားလေးဟာ အမ အတွက် အများကြီးအားဖြစ်စေပါတယ်….
အမ တကယ်ကို ပျော်တယ်..ကျေးဇူးတင်ပါတယ်…….

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #11

အစ်မတော် ကဗျာမှာအစ်မနာမည်မတပ်ထားရင်တောင် ဒီကဗျာကအစ်မရေးထားမှန်းသိသာတယ်
အဲ့လောက်ကို အစ်မအရေးအသားတွေကပြောင်မြောင်တယ်ဗျ
အတည်ပြောတာနော် မုန့်စားချင်လို့မဟုတ်ဘူး
ကြိုးစားထား အစ်မတော်ရေ
အားပေးနေတယ် ။

commentinfo By: X - ray at Jan 20, 2012
Comment #12

ဟုတ်တယ်ဟာ ကိုလွမ်းနောင်ပြောသလိုပါပဲ မမိုး
တစ်ပုဒ်ရေးတိုင်း အနာဟောင်းကို တစ်ခါပြန်ဆွတယ်
အသဲကွဲဖူးတဲ့သူတိုင်းထပ်တူခံစားရတယ်
မမိုးကို အမြဲအားပေးလျှက်။

commentinfo By: gadounlay at Jan 20, 2012
Comment #13

‘သံသယတွေ အပို ပါမလာခဲ့ဘူးဆို’ ကနေ ‘ဒီမိုး….အသည်း…နုတတ်လွန်းတယ်။’ ….. အထိပဲ ဖတ်နိုင်တယ်။ နင့်သွားလို့ ဆက်မဖတ်နိုင်တော့ဘူး။

commentinfo By: kantkawmg at Jan 20, 2012
Comment #14

goood

commentinfo By: yaewintaung at Jan 20, 2012
Comment #15

အမြဲသည်းခံပါ့မယ်ဆိုတဲ့ သံယောဇဉ်လေးက ရက်ရက်စက်စက်ထွက်သွားတယ်

မြတ်နိုးတန်ဖိုးထားခဲ့ရတာတွေအတွက် နောက်ဆုံးဆုလဒ်က ဒါပဲလားလို့ ငါ တွေးပြီးဆွေးကျန်တယ်

ဝါကျတွေမှားသွားရင် ဘယ်လိုတောင်းပန်ရတယ်ဆိုတာ ငါ တကယ်မသိသေးဘူး ကဗျာ

အပူလောင်ထားတဲ့နေရာမှာ အရည်ကြည်ဖုကြီးထနေတယ်

ဒါပေမယ့်

ရင်ထဲကဒဏ်ရာက ပိုနာနေတယ်လို့ပြောရင် ချစ်သူတွေကပဲ ဒီစာကြောင်းကို ပိုနားလည်လိမ့်မယ်

ကံဆိုးကောင်သွားလေရာ မိုးလိုက်လို့ခေါင်

သန်းခေါင်ယံမှာ နင့်ကိုလွမ်းတဲ့အကြောင်း ငါ့တယောအိုလေးနဲ့ ချွဲတော့

ကြယ်တွေအားလုံးက ပြက်ရယ်ပြုကြပြန်တယ်

ညက အိပ်လို့မပျော်ဘူး။

commentinfo By: someone at Jan 21, 2012
Comment #16

သူများတွေ ပြောသွားတာကတော့ စုံနေတာပဲ။ လောလောဆယ် ကိုယ်တိုင်က အသည်းကွဲနေတာဆိုတော့ ဖတ်ရင်းနဲ့ ကဗျာရေးရင် ကောင်းမလားတောင် တွေးမိတယ်။ အားကျမိသွားတာလို့ ပြောရရမလားဘဲ။ အသည်းကွဲတာကို အားကျတာ မဟုတ်ဘူးနော်။ ကဗျာကောင်း တပုဒ်တွေ့လို့ စိတ်ထဲ ကဗျာရေးချင်စိတ် အလိုလို ပေါ်လာတာကို ပြောတာပါ။ လေးစားပါတယ်ဗျာ။ ကဗျာ သိပ်ကောင်းပါတယ်။
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Jan 21, 2012
Comment #17

ကျွန်တော့် ကဗျာလေးကို အားပေးဝေဖန် ပေးကြတဲ့ ကျွန်တော့်ရဲ့
အားဆေး လေးများ အားလုံးအားလုံးကို ကျွန်တော် အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 21, 2012
Comment #18

ခေါင်းစဉ်လေးက စကြိုက်သွားတယ် … အမရေ …

“ ခင်ဗျားနှုတ်ကထွက်တဲ့ စကား….
………………………..
အသေးစားလောက် ကြမ်းရင်တောင်
အသည်းကျွမ်း..စေတတ်လို့…..
ဒဏ်ရာကင်းကင်း…..သည်းထန်ခွင့်လေးပေးသနားပါ … ”

အဲ့နားလေး အကြိုက်ဆုံး …း)

commentinfo By: Nge Lay at Jan 21, 2012
Comment #19

ကဗျာလေး အရမ်းကောင်းတယ်ဗျ…….

commentinfo By: moehtetaung18 at Jan 22, 2012
Comment #20

….ခင်ဗျားအတွက်နဲ့မှ……
12 ကြိုးကဝေ….ဖြစ်…
ဒီမိုး….အသည်း…နုတတ်လွန်းတယ်။

ဒီမိုး….အသည်း…နုတတ်လွန်းတယ်။

ဒီမိုး….အသည်း…နုတတ်လွန်းတယ်။

commentinfo By: MyoZin at Jan 22, 2012
Comment #21

တကယ်ဆို…………
ခင်ဗျားဆိုတာ
ကျုပ်တဘ၀စာ…ထုတ်ပိုးသိမ်းဆည်းထားချင်တဲ့
ရွှေကြုတ်လေးပါဗျာ………
……………………..
အကျင့်အကြံမှာ….အစစ်အမှန်သာ..သွန်းထားတဲ့သူမို့
ခင်ဗျားကို ချစ်တဲ့စိတ်နဲ့ ပတ်သက်
………………………………….
အဲဒီ..အပိုပါမလာတဲ့သံသယတွေ.နဲ့
မပုပ်ခတ်ပါနဲ့။…ဒီမိုး..ရှေ့ဆက်ဖို့..ခက်ခက်နေလို့ပါ။ ။

(ကျွန်တော်..မရက်စက်တတ်ပါဘူး)

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 23, 2012
Comment #22

(ကျွန်တော်..မရက်စက်တတ်ပါဘူး)
ဆို၇င်
၇က်စက်ခံရတာပေါ့

commentinfo By: yeko11 at Feb 3, 2012
Comment #23

hote de

commentinfo By: ei lay at Feb 3, 2012
Comment #24

ဘုရား..ဘုရား..စာသားတွေက သေလောက်တယ်..

commentinfo By: FotiaPrincezz at Feb 24, 2012
Comment #25

be hna khar khar phat phat tay lout aung khide de,,ma moe yar,

commentinfo By: ei lay at Mar 2, 2012
Comment #26

:'(
:'(
:'(
:'(

commentinfo By: ei lay at Sep 5, 2012
Comment #27

စာသားတွေ အမြဲ တမ်းသစ်နေတယ်
အရမ်းလေးစားပါတယ်…………….

commentinfo By: aunghtet at Dec 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment