Professional Authors

ကျေနပ်ခြင်းရဲ့ ဘဝ တစ်ခု…….

.   .        ……..ဆိုရရင်လေ….
    ချစ်ခြင်းကို  ငါ မဖွဲ့ ဆိုတတ်ပါဘူး…
    ချစ်ခြင်းကို  ငါ မသီကျူးတတ်ပါဘူး….
    ချစ်ခြင်းကို  ငါ မရှာဖွေတတ်ပါဘူး…
    ချစ်ခြင်းကို  ငါ မတွေ့ ခဲ့ဘူးပါဘူး…
    …………………………

………….
    ………………………………………
        ……ဆိုခဲ့ ရင်………..
    ချစ်သူသည် ရီမောနေပါလိမ့် မယ်……
    တကယ်တော့…
    ငါ ဟာ ချစ်ခြင်းကို မြတ်နိုး တတ်သူပါ….
    ငါဟာ ချစ်ခြင်းကို တွေ့ ခြင်သူပါ……
   ငါဟာ .ခုထိတော့ ချစ်ခြင်းကို ဇဝေဇဝါ နဲ့….
    ထင်ယောင်နေစဲပါ……
    ..ချစ်သူရေ……….
    ငါ မင်းကို သိပ်ချစ်ပါ ရဲ့…
     ငါ့ ဘဝမှာတော့ မင်းဟာ အရာရာ စိုးမိုးနေလေရဲ့…
    မင်း အတွက်တော့…
    ငါဟာ တစုံတရာသော အကြောင်း ဘဲ ဖြစ်နေမယ်လား…
    ….ဆိုခဲ့ရင်….
    ငါမင်းကို ချစ် တယ်ဆိုတဲ့ စကား….
    မုန်းတိုင်းလိုလည်းပြင်းထန်စွာ  မပြောတတ်ပါ….
    လေပြေညှင်းလိုလည်း အနားမှာ ပွတ်သတ်မဆိုလိုပါ….
    ငါလေ  ညဥ့်နက်နက်မှာ လမင်းကို မတမ်းတသလို….
     ကြယ်ဖြူ သေးလေးတလုံး ဆို ……
     ငါ ကျေနပ်ပြီ ဘဲလေ..
     ……………………………………………..
   ……..       ဆိုခဲ့ရင်…….
    ချစ်သူရေ….
    မင်းကိုချစ်တဲ့ခင်တဲ့သူတွေနဲ့ ဝိုင်းရံလို့ ..
    မင်းကျေနပ်နေချိန်မှာ…
    ငါဟာ မင်းရဲ့ ဝတ်ရုံ မြေမခစေဘို့ ကိုင်းထားနိုင်ခဲ့ရယင်….
    နောက်…
    မင်းရဲ့  အပါးမှာ ချစ်ခင်သူတွေက ..
    တန်ဘိုးလက်ဆောင်တွေ ပေးနေချိန်မှာ…
    ငါဟာ မင်းအတွက် အဖြူရောင် ပန်းလေးတပွင့် ပေးနိုင်ခဲ့ယင်….
    နောက်….
    မင်းရဲ့ ချစ်သူခင်သူတွေကို….
    မင်း ရဲ့ ရီမောသံ လွင်လွင်နဲ့ အပြုံးလေးတွေ ပေးနေချိန်မှာ…
    ငါအတွက် မင်းရဲ့  အမောတခု ရခဲ့ယင်….
    နောက်…
    မင်းရဲ့ချစ်ခင်သူတွေကို…
    မင်းက ရွှန်းလက်တဲ့မျက်ဝန်းအကြည့်တစုံနဲ့ ကြည့် ခိုက်မှာ….
    ငါ အတွက် မင်းရဲ့ ဖျတ်ခနဲလင်းလက်မှု ..ခန မြင်လိုက်ရယင်……
    နောက်….
    မင်းရဲ့ ချစ်သူတွေက……
     မင်းအောင်မြင်မှု အတွက် သြဘာပေးနေချိန်မှာ….
    ငါ ရဲ့ ပီတိ ကို ငါကျေနပ်စွာခံယူခဲ့ရရင်….
     နောက်….
    မင်းရဲ့ချစ်သူခင်သူတွေနဲ့….
    သာယာသံသာစွာတေးဖွဲ့ သီဆိုနေချိန်မှာ…
    ငါ့ အတွက် မင်းရဲ့သက်ပြင်းရှိုက်သံ သဲ့သဲ့ ..ရရှိစေမယ်ဆိုရင်…
    နောက်…
    မင်းရဲ့ အခက်အခဲတစုံတရာ ရှိနေချိန်မှာမှာ…
    ငါဟာ မင်းရှေ့ မှာ နေခွင့်ရယင်…
    နောက်….
    မင်းရဲ့ချစ်သူခင်သူတွေ ဝိုင်းရံ နေချိန်…
    ငါဟာ အားလုံးရဲ့ နောက်ဆုံးမှာ ရပ်ခွင့်ရခဲ့မယ်ဆိုရင်….
    ……………………………………….
   ချစ်သူရေ…
   ငါဟာ ချစ်ခြင်းကို တွေ့ ရှိသူတယောက်အဖြစ်….
   ငါဟာ သေလွန်သည်အထိ ကျေနပ်နေမယ့်သူ…..
   ငါဟာ..ဒီဘဝမှာ အများတကာထက် ဂုဏ်မောက်နေလောက်မယ့်သူ…
   အဲဒါ …မင်း မသိတဲ့ …..မင်းရဲ့ ချစ်သူ …
  …….. ဆိုရရင်…..
   ငါဟာ ငါဘဝကို ကျေနပ်နေခဲ့ရသူပါ   ချစ်သူ….
        မိုးဝေ..left wall
In: ကဗျာ Posted By: Date: Jan 20, 2012
Comment #1

ဟာ………အချစ်နဲ့ပတ်သက်ပြီး အတော်အနစ်နာခံနိုင်တာဘဲဗျို့
ကဗျာလေး ခံစားအားပေးသွားကြောင်းပါ ။

commentinfo By: X - ray at Jan 20, 2012
Comment #2

tay yaw kwar,,,,a hote,,,
sa kar lone a g g tway ma tone htar pe ne taung tay loh ya de sa kar lone tway pe.
har ,,,,,,
har,,,,,,,
har,,,,,,,
rrrrrrrrrrrrrrrrrrrrrrrrrrrrrrrr
bar hma ko pyaw ma htwke dot bu kwar.
yae le kway de

commentinfo By: ei lay at Jan 20, 2012
Comment #3

အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #4

ဝမ်းနည်းမိတယ်…

commentinfo By: ချစ်သူ at Apr 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment