Professional Authors

နောင်တ နေ့စွဲများ …

ဟန်နီ …
ခါးသီးခဲ့ရတဲ့ နေ့ရက်တွေအတွက်
မောင် … နောင်တတွေ …
ရင်မှာပိုက်လို့ …
ဖြစ်နိုင်ရင် … အရာရာကို ..
နိဒါန်း အစပျိုး …
အသစ်က ပြန်စခွင့်ရချင်တယ် ….

မချစ်လို့ … မုန်းပြီး …
ကျောခိုင်း စွန့်ခွာခဲ့တာ …
မဟုတ်ခဲ့ သလို …
နာကျည်းမှုတွေ ဖန်တီး …
ဟန်နီရဲ့ ဘ၀လေး .. လှပစေချင်ခဲ့လို့
နှလုံးသားတွေ အကွဲကြေခံပြီး …
ရင်နာနာနဲ့ … လမ်းခွဲခဲ့တာပါ ….

ဟန်နီ ရယ် …
အလွန်အကျွံ … ဆိုးမိုက်မိခဲ့တဲ့
မောင့်ရဲ့ အပြစ်ပေါင်းများစွာကို
အဆုံးမဲ့ နားလည်ခွင့်လွှတ်ရင်း
ချစ်နိုင်ခဲ့တဲ့ … အချစ်တွေအတွက်
နှလုံးသားနဲ့ ရင်းပြီး … သိခဲ့ရပါပြီ …… ။

Zero Boyz ( zeroboyz123@gmail )

In: ကဗျာ Posted By: Date: Jan 19, 2012
Comment #1

lane mar twar p pop.
toe tet lar p.
a pyit ko win khan ye de tat ti ko a yan kyike de kwar.
a yin htet po p lae sar twar p,,a hote,

commentinfo By: ei lay at Jan 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment