Professional Authors

နိုင်ငံဖခင် မွေးနေ့ရှင်

[Edit]

 
ဖေဖဝါရီ တိမ်တိုက်တွေက
လောင်ရီသံတွေနဲ့ ကြည်စယ်နေတုန်း
မျက်ရည်မိုးတွေ ငိုပွဲဆင်နေတဲ့
၁၉၄၇ခုနှစ် သက္ကရာဇ်ထဲ
အတွင်းဝင်ရုံးတွင်း မဟာမိတ်ဖွဲ့လို့
ယုံကြည်မှုနဲ့ အစည်းဝေးပြုလုပ်ခဲ့တဲ့
နေ့ရက်အောက်မှာ စည်းမဲ့ကမ်းမဲ့
သေနတ်ပစ်ခတ်မှုနဲ့ သူ့ အသက်ပျောက်ခဲ့ရပြီ…။

တောတောင်တွေကို ကျော်ဖြတ်လို့
သေတွင်းနက် မရဏမင်းက
ဖမ်းစားသွားပါစေ ရန်သူရဲ့
လက်နတ်အောက်မှာ ဘယ်တော့မှ
အညံ့မခံခဲ့ဆိုတဲ့ သူရဲ့ နည်းဗျူဟာတွေဟာ
နယ်ချဲ့တိုက်ပွဲတွေ ဖက်ဆစ် ဂျပန်နဲ့ အင်္ဂလိပ်ကို
အနုမရရင် အကြမ်းတိုက်စစ်ဆင်လို့
ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တာ
အမျိုးသားတိုက်ပွဲတွေရဲ့ ခေါင်းဆောင်ကောင်းဖြစ်လို့
တိုက်ပွဲတိုင်းမှာလည်း ထူးချွန်ပြောင်မြောက်စွာ
တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့နည်းဗျူဟာတွေနဲ့
စွမ်းရည်တွေဟာ ပန်းတိုင်ရောက်မှ
လူတိရိစ္ဆာန် ခွေးကောင်ရဲ့ လက်အောက်မှာ
အသက်ပျောက်ခဲ့လို့ သူ ချစ်တဲ့ပြည်ကို
စွန့်လွတ်ခဲ့ရပြီ….။

အသက်ကငယ်ငယ် မုန်တိုင်းထန်နေတဲ့
တိုင်းပြည်ငယ်လေးထဲ လူစွမ်းကောင်းရဲ့
အသက်ကိုခြွေဖျက်လို့ မသမာမှုအောက်
သေဆုံးခဲ့ရတာ တိုင်းပြည်အတွက်လည်း
အနာဂတ်ကံကြမ္မာတွေ ပျောက်ဆုံးခဲ့ရလို့
တပြည်ထဲသား အာဏာရှင်စစ်ခွေးတွေအောက်
ပြည်သူတွေ လွတ်လပ်မှုတွေ
ဆုံးရှုံးမှုတွေ လွတ်လပ်ရေးရဲ့
အနှစ်သာရတွေ ပျောက်ဆုံးခဲ့ရတယ်….။

ထူးချွန်မြင့်မြတ်တဲ့ လူစွမ်းကောင်း
ဗိုလ်ချုပ်အောင်ဆန်း ရယ်
ဟောဒီ မိုးကောင်းကင်ကြီးရဲ့အောက်မှာ
အမြဲမပြတ် စီးဆင်းနေတဲ့
သင့်အမည်ဟာ ပြည်မြန်မာရဲ့
အမိလည်းဟုတ် အဖလည်းဟုတ်တဲ့
ငါတို့အသက်သခင် ဧရာဝတီ မြစ်ကြီးပါ…။

ဘဝမမောသော စွမ်းရည်အပြည့်နဲ့
ပြည်မြန်မာအတွက် အစွမ်းကုန် ကာကွယ်ပေးတဲ့
တစ်မိုးတည်းအောက်က တောင်တန်းပြာကြီးလို
ဆိုကြချေဆိုရင် သင့်အမည်ဟာ
အဖိုးအနဂတန်တဲ့ ရိုးမတောင်တန်းကြီးပါ…။

သူ့ရဲ့ စိတ်ဓာတ်စွမ်းအင်တွေနဲ့
ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းဝိညာဉ်ဟာ
အမြဲတမ်း စီးဆင်းနေတဲ့
ဧရာဝတီ မြစ်ကြီးတစ်စင်းဆိုနိုင်သလို
ရိုးမ တောင်တန်းကြီးလိုလည်း
ထာဝရအမြဲတမ်း ရပ်တည်နေမြဲပါ….။

အိန္ဒိယဖခင် ဂန္ဒီကြီးလို
ဗီယနမ် သူရဲကောင်းတွေလို
အန်ကယ်ဟို တို့လို
ဂျပန် မေကြည်ဘုရင်တို့လို
အာရှတိုက်ရဲ့ အကျော်အမော်တွေနည်းတူ
ငါတို့ဘဝတွေနဲ့ တိုင်းပြည် သူကျွန်ဘဝရောက်ခဲ့တဲ့အခိုက်
အောင်ဆန်း ဆိုတဲ့ ငါတို့ဘဝ ဆီမီးတိုင်
အလင်းရောင် ထွန်းလင်းတောက်ပခဲ့လို့
ဝမ်းသာပီတိတွေနဲ့ မျက်ရည်ပုလဲခ ရင်း
ဂုဏ်ပြုမှတ်တိုင် ငါတို့နှလုံးသားထဲမှာ
စိုက်ထူခဲ့တာ ငါတို့ပြည်သူတွေ
ငါတို့မြန်မာတွေ အသိဆုံးပါ….။

တိကျမှန်ကန်တဲ့ စိတ်ဓာတ်နဲ့
ကြွေးကျော်သံတွေ ဘဝဂ်ထိညံအောင်
ဟစ်ကြွေးသံပေးလို့ မတရား သိမ်းပိုက်ထားတဲ့
ငါတို့တိုင်းပြည် ပြန်ပေး ငါတို့ ဘိုးဘွားအမွေနှစ်
သယံဇာတတွေကို အကုန်ပြန်ပေး
ဖြူစင်ရိုးသားတဲ့ ငါတို့လေထုတွေကို ပြန်ပေး
အသိတရားငယ်ငယ် အတွေးမကြွယ်သေးတဲ့
ငါတို့ရင်သွေး ကလေးတွေကို ပြန်ပေး
ငါတို့ အနာဂတ်အိပ်မက်တွေကို ပြန်ပေးလို့
သူ ကြွေးကျော်ခဲ့တာတွေဟာ ယူနယံဂျက်အလံ
စပါးနှံဝိုင်းဝန်းတဲ့ အရွယ်တူကြယ်ဖြူ ၁၄လုံး အလံနဲ့
ထွင်းဖောက်လို့ နေဝန်းနီအလံကို
စုတ်ဖြဲ အမှုန့်ချေရင်း လေရှုးဆော်တဲ့
နွေဦးလွင်ပြင်ထဲ မအေးသေးသော
သောကတစိတ်နဲ့ တာ ထွက်ခဲ့ပြီ…။

ယုံကြည်မှုရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့
၁၉၊ ဇူလိုင် နေ့ရက်ရောက်တိုင်း
အားလုံးအားကိုးတဲ့ ပြည်သူ့ဖခင်ကြီးကို
သတိရလွမ်းဆွတ်လို့ အားလုံးထိုင်ပြီး
မျက်ရည်မိုးတွေ ရွာသွန်းဖြိုးခဲ့ပြီ…။

နှင်းငွေ့သိုင်းခြုံတဲ့ ဆောင်းနံနက်စောစောမှာ
ဝေဆာလန်းဆန်းနေတဲ့ တော်ဝင်ပန်းတွေနဲ့
ဇာနည်ထူးတဲ့ သူ့ အနားကို
တိုးကပ်လို့ ဂုဏ်ပြုမိတဲ့
ဖေဖဝါရီ ၁၃ သန္ဓေဖွား သူ့ကို
အခုထိ ငါတို့ လွမ်းဆွတ် ငိုနေတုန်း…။

ငါတို့ နိုင်ငံ အခတ်ခံနေရတဲ့ သော့ချက်တွေနဲ့
သံခြေကျင်းတွေကို ရိုက်ဖြုတ်ပေးခဲ့တဲ့
သူ့ရဲ့ စွမ်းရည်သတ္တိတွေကို
ငါတို့စိတ်ထဲ သန္ဓေစွဲလို့
မှတ်ကျောက်တိုင်တင်ယူခဲ့
အတွေးအရိပ်တွေ ရစ်ဝဲနေတဲ့
သူရဲကောင်းဆိုတဲ့ လင်းယုန်တွေပျံဝဲခဲ့
မညီညာတဲ့ ဒီဆောင်းလမ်းမှာ
လွတ်လပ်ရေးရဖို့အတွက် အောင်ဆန်းဆိုတဲ့
ဇာနည်ထူး သူရဲကောင်းကို
မိခင်ဒေါ်စုက အသက်နဲ့လဲလို့
မွေးဖွားသန့်စင် ပေးခဲ့တာ
အခုတော့ ငါတို့မြန်မာပြည်ရဲ့
နိုင်ငံဖခင် ဖြစ်ခဲ့ပြီ….။ 

တက္ကသိုလ်မြတ်မင်း
http://www.myatminnpoem.blogspot.com
In: ကဗျာ Posted By: Date: Jan 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment