Professional Authors

ကမ္ဘာခြား … ချစ်သူ

ကောင်းကင်ကို နမ်း ရှိုက်ပြီး
မြေပြင်မှာ အကြိမ်ကြိမ်ကျရှုံးခဲ့တဲ့
ငါလို … ဘာမဟုတ်တဲ့ကောင်က
အချစ်စစ်ရဲ့ ခြေရာသမိုင်းမှာ
ဟိုမရောက် … ဒီမရောက် ဖြစ်ခဲ့ဖူးပါတယ် …

ကောင်မလေးရယ် …
ငါ့နှလုံးသား နုနုတွေကို
ဖရိုဖရဲ တစ်စစီ နင်းချေခဲ့လို့
အကြွင်းမဲ့ … သုည … ဟင်းလင်းပြင်မှာ
တစ်ယောက်တည်း အထီးကျန်ဆဲပါ …

မြေမတူ … ရေမတူ …
တခြား …တစ်ဖက် မြို့ဆီက
လွမ်းမောခြင်း တိမ်တိုက်တွေနဲ့အတူ
ငါ့ရဲ့ ရင်ကွဲသံစဉ်တွေကို
… နားလည်နိုင်ပါစေကွယ် … … … ။

Zero Boyz >>> zeroboyz123@gmail <<<

In: ကဗျာ Posted By: Date: Jan 18, 2012
Comment #1

နှစ်သက်စွာ ခံစားအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #2

huh,,,,,,,,,
poor u,
so sorry to know

commentinfo By: ei lay at Jan 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment