Professional Authors

မင်းသိပါစေ

ယုံကြည်မှုတွေကို ပုံအပ်
မက်နေရတဲ့ အိမ်မက်တွေက အဆုံးမသတ်
စောင့်ခဲ့ရတဲ့ နေ့တွေကလည်း ညဆက်
ချစ်ခဲ့မိတော့ ငါရင်ဘက်ကြီးကွဲအက်
ဒူးထောက်ပြီးတော့ တောင်းပန်တယ်
မျက်ရည်ကျလောက်အောင်တော့ မရက်စက်ပါနဲ့
ငါ့နှလုံးသားက နုနဲလွန်းတယ်……

မုန်းတယ်ဆိုတဲ့ စကားကြီးနဲ့တော့
ပစ်မပေါက်လိုက်ပါနဲ့ကွာ
မင်းကလွဲပြီး မချစ်ခဲ့ဘူးတာ အမှန်ပါ
မင်းနောက်ကို အရိပ်လိုလိုက်
တိတ်တိတ်လေး ကြည်နူးနေခဲ့တာ ကိုယ်ပါ…
ဒါတွေကို မင်းမသိတော့
ငါရင်မှာ အဆိပ်တက်…

အချစ်ဆိုတာ နိမ့်လိုက်မြင့်လိုက်တဲ့
မင်းကြားဖူးမှာပါ..
ဒါပေမဲ့ ငါအချစ်ကတော့ မင်းနဲ့တွေ့ရင်
အမြဲတမ်း အနိမ့်ဘက်မှာပါပဲ..

မင်းကြောင့် ရန်ဖြစ်ခဲ့ရတာလည်းမနည်း
မင်းကြောင့် ပျက်ခဲ့ရတဲ့ ညတွေကလည်း အတောမသတ်
အပြုံးတစ်ချက်နဲ့ မင်းငါကိုလုပ်ရက်တယ်….

ဘဝချင်းမတူလို့လား
အခြေချင်းမတူလို့လား
အချစ်ချင်းရောမတူလို့လား
လား များစွာနဲ့ မေးခွန်းတွေက
မစဉ်းစားပဲ ခေါင်းထဲရောက်လာ…..

ငါ့အချစ်ကို မသိတာလား
မသိချင်ယောင်ဆောင်တာလား
ငါ့နှလုံးသားကို ရှေ့မတိုးနောက်မဆုတ်ဘဲ
မင်းထားနေတာကို အံသြတယ်ကွာ….

ငါ့အချစ်က မင်းအတွက်အပြစ်လို့ထင်ရင်
ငါအဲဒီအပြစ်ကို ဆက်လုပ်နေမှာပါ
အချစ်ဆိုတာကို လက်တွေ့မပြနိုင်ပေမဲ့
ငါအချစ်ကို မှီအောင်လိုက်နိုင်တဲ့သူ
မရှိဘူးဆိုတာ မင်းယုံထားပါ….

ငါရှုးနေတယ်လို့ထင်ရင်လည်း ငါမင်းကို
ချစ်တာဟာ ချစ်လွန်းလို့ဖြစ်မှာပါကွာ..
ဘာပဲဖြစ်ဖြစ် ခွင့်လွတ်ချစ်နဲ့ ငါမင်းကို….ချစ်နေဆဲပါ…. 
                                                              စိုး……………. 

In: ကဗျာ Posted By: Date: Jan 16, 2012
Comment #1

pyaw pya like par lar loh?
pin pan hmar soe loh par

commentinfo By: ei lay at Jan 16, 2012
Comment #2

အားပေးသွားတယ် စိုးရေ
ကဗျာလေးကတော်တော်လေး
ကောင်းတယ်ဗျာ….

commentinfo By: ရွှေကြယ်မိုး at Jan 16, 2012
Comment #3

Thanks to Me Ei and ရွှေကြယ်မိုး

commentinfo By: soeoo at Mar 2, 2013
Comment #4

ma ti chin yaung saung ma nay par ne kwar

commentinfo By: ei lay at Mar 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment