Professional Authors

အပြုံး…

လူတွေက ငါတွေးထားသလို အပြုအမူတွေလုပ်တော့ ငါပျင်းရိစွားပြုံးတယ်…
လူတွေက ငါမမျှော်လင့်ထားတဲ့ အမူအရာတွေပြတော့ ငါဝမ်းနည်းစွာပြုံးတယ်…
လူတွေက ငါ့ဆန္ဒကို ခလုတ်တိုက်သဘောနဲ့ကြည့်တော့ ငါစိတ်ရူးပေါက်ပေါက်နဲ့ပြုံးတယ်…
လူတွေက ငါ့သဘောကို ရှိတယ်လို့တောင်မထင်တော့ ငါစိတ်ဓာတ်ကျကျနဲ့ပြုံးတယ်…
လူတွေက ငါ့မြိုချသံကို မထိတထိလှောင်တော့ ငါလူသတ်ချင်စိတ်နဲ့ပြုံးတယ်…
လူတွေက ငါ့အိပ်ပျက်မျက်တွင်းတွေကို သနားသလိုနှာခေါင်းရှုံတော့ ငါရှောင်ဖယ်ပြီးပြုံးတယ်…
လူတွေက ငါ့ပုပ်ပွဒဏ်ရာတွေကို မသတီစရာမြင်တော့ ငါသံဝေဂရသလို ပြုံးတယ်…
လူတွေက ငါ့အခန်းဖုန်မှုန့်တွေကို စိတ်မရှည်သလိုခေါင်းခါတော့ ငါစိတ္တဇလိုပြုံးတယ်…
လူတွေက ငါ့ပေါ့တီးပေါ့ဆမှု့တွေကို ရယ်သံနဲ့ချေဖျက်တော့ ငါအားနာစိတ်နဲ့ပြုံးတယ်…
လူတွေက ငါ့အခိုးအငွေ့တွေကို မသက်သာစွာဘေးတိုးတော့ ငါအပြစ်မလုံစိတ်နဲ့ပြုံးတယ်…
လူတွေက ငါ့ဖြည်းဆည်းမှု့တွေကို ရောဂါဆန်းလိုသတ်မှတ်တော့ ငါမသိချင်စွာပြုံးတယ်…
လူတွေက ငါ့ပျော်ရွှင်ချင်စိတ်တွေကို စကားလုံးတွေနဲ့ဖို့လိုက်တော့ ငါသတ်သေချင်စွာပြုံးတယ်…။…။

မြေနံ့
[email protected]

www.sofarawayfromyou88.blogspot.com

In: ကဗျာ Posted By: Date: Jan 15, 2012
Comment #1

wowwwwwwwwwwwwww
wowwwwwwwwwww

commentinfo By: ei lay at Jan 15, 2012
Comment #2

လူတွေက ငါ့ပျော်ရွှင်ချင်စိတ်တွေကို စကားလုံးတွေနဲ့ဖို့လိုက်တော့ ငါသတ်သေချင်စွာပြုံးတယ်…။…။

commentinfo By: May Kha at Jan 16, 2012
Comment #3

ကာလာစုံတဲ့ အပြုံးတွေအကြောင်းဘဲ
မိုက်တယ်
ကဗျာကို အားရှိပါးရှိ ခံစားအားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Jan 16, 2012
Comment #4

လူတွေကို ဒီလို သုံးသပ်ချက်တွေ ပေးကြတော့ ဘယ်လိုပြုံးရင်ကောင်းမလဲ….

commentinfo By: SoFarAwayFromU at Jan 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment