Professional Authors

ခွင့်ပြုခြင်း …… နှင့် ငါ၏ မနက်ခင်း

ကြယ်တွေ အိပ်မပျော်လုသေးတဲ့ မနက်ခင်းရေ
ကျေးဇူးပြုပြီး ငါ့ကိုဝင်ခွင့်ပြုပါ …
သစ်ရွက်ခြောက်တွေကြား ငါ့ခြေသံကြားတဲ့အခါ
တဆိတ်လောက် လမ်းမီးတိုင်တွေ မှုတ်ငြိမ်းပေးပါ …
လက်တွေ အေးခဲထုံကျင်လုနီး ဖြစ်တော့မှ
လေတိုက်တိုင်း ကြွေရတဲ့ ပန်းတွေဘ၀ကိုစာနာမိတယ် …
အစောကြီးနိုးနေတဲ့ ငှက်တွေကို တွေ့တဲ့အခါ
ငါနဲ့မိုင်တွေ အဝေးကြီးမှာရှိနေတဲ့ နင့်ဆီ
ရုတ်တရက် ငါပြေးလာချင်မိတယ် …
” Good Morning ” လို့နှုတ်ဆက်ခွင့်ပြုပါ …
တစ်ချိန်တုန်း ကတည်းက မဟုတ်ပါဘူး
အခုလောလောဆယ်လည်း နင့်ကို သတိတရရှိနေခဲ့တာ …
ချုပ်ထိန်းရခက်တဲ့ ငါ့အတွေးတွေက
နင့်အကြောင်းတွေပဲ စဉ်းစားနေခဲ့မိတယ် …
…….. ရေ
ကျေးဇူးပြုပြီး ငါ့စိတ်ကူးတွေကို ဖြန့်ကျက်ခွင့်ပြုပါ …
တစ်ယောက်တည်း ၀မ်းနည်းအားငယ်တဲ့အခါ
အားပေးတတ်တဲ့ နင့်စကားသံတွေ တောင့်တခဲ့ဖူးတယ် …
အများသူငါတွေလို ပျော်မိတဲ့အခါ
အတူတူလိုက်ရယ်ပေးတတ်တဲ့ နင့်ရယ်သံတွေ တမ်းတခဲ့ဖူးတယ် …
အခြေအနေနဲ့ အချိန်အခါ သာ ပြောင်းလဲသွားလိမ့်မယ်
ငါကတော့ နင့်ကိုစက္ကန့်တိုင်း လွမ်းနေတတ်တာ တစ်ခုတည်းရယ် …………………………………..

In: ကဗျာ Posted By: Date: Jan 14, 2012
Comment #1

အခြေအနေနဲ့ အချိန်အခါ သာ ပြောင်းလဲသွားလိမ့်မယ်
ငါကတော့ နင့်ကိုစက္ကန့်တိုင်း လွမ်းနေတတ်တာ တစ်ခုတည်းရယ် …………………………………..
ကွက်တိပဲ….ကြိုက်တယ်ဗျ။

commentinfo By: poem.poem28 at Jan 14, 2012
Comment #2

inn,,,hote de,,hote de,,,
ei lay le e lo myo khan sar nay ya de.
kwat ti be…kwat ti be…
he,,he,,
be se ko min yout nay le?
bar tway ko min loak nay le?
be thu ne min shi nay ma le?
hint,,hint,,,lay phyu phyit nay p.

commentinfo By: ei lay at Jan 14, 2012
Comment #3

အားပေးသွားပါတယ်ခင်ဗျာ
တကယ်ကိုလေးနက်တဲ့ကဗျာကောင်းလေးပါ
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 14, 2012
Comment #4

အတူတူလိုက်ရယ်ပေးတတ်တဲ့ နင့်ရယ်သံတွေ တမ်းတခဲ့ဖူးတယ် …
အခြေအနေနဲ့ အချိန်အခါ သာ ပြောင်းလဲသွားလိမ့်မယ်
ငါကတော့ နင့်ကိုစက္ကန့်တိုင်း လွမ်းနေတတ်တာ တစ်ခုတည်းရယ် ………………………………

commentinfo By: May Kha at Jan 14, 2012
Comment #5

တကယ်ကြိုက်တယ်ဗျာ
တိုက်ဆိုင်လိုက်တာ
အားပေးနေပါတယ်

commentinfo By: ထက်လေး at Jan 15, 2012
Comment #6

အများသူငါတွေလို ပျော်မိတဲ့အခါ
အတူတူလိုက်ရယ်ပေးတတ်တဲ့ နင့်ရယ်သံတွေ တမ်းတခဲ့ဖူးတယ် …
အခြေအနေနဲ့ အချိန်အခါ သာ ပြောင်းလဲသွားလိမ့်မယ်
ငါကတော့ နင့်ကိုစက္ကန့်တိုင်း လွမ်းနေတတ်တာ တစ်ခုတည်းရယ် ……………………………
နှစ်သက်ချင်းများစွာနဲ့ ကျွန်တော် အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment