Professional Authors

ဘဝစာအုပ်

အတိတ်စာမျက်နှာမှာ
အိပ်မက်တွေ…မျှော်လင့်ချက်တွေ…
ကွဲကြေ…ကျိုးပဲ့….ပျက်ယွင်း
ဟိုတစ်စ ဒီတစ်စနဲ့
အနာဂတ်ကို ကျော်လှန်ပြန်တော့
မရေရာ…မသေချာ…မပီဝိုးတဝါး
အိပ်မက်တွေ…မျှော်လင့်ချက်တွေ…
မွစာကြဲလို့…
လက်ရှိမှာ ပြန်ရပ်ကြည့်တော့
ဗလာနတ္ထိ။
ဒီလိုနဲ့…….
ငါ့ ဒိုင်ယာရီလေးလည်း
ပစ္စုပ္ပန်ရဲ့ ခြေရင်းမှာ
ကြေမွသွားတယ်။

* Junemoe *

In: ကဗျာ Posted By: Date: Jan 13, 2012
Comment #1

လှေခွက်ကြီးကျန် အလံမလဲကြေး…
စာလုံးပေါင်းတော. မှားနေမလားမသိ…
အားပေးချင်တယ်
ရောက်တဲ့နေရာမှာ ခဏ ခြေစုံရပ်..
အခြေအနေ အရပ်ရပ်ကိုသုံးသပ်
အစစ အဆိုး ဖြစ်နေယင်… အဆိုးသက်သာအောင်ဘာလုပ်မလဲ စဉ်းစား
ဘာမှလုပ်လို့ မရနိုင်ယင် ခံနိုင်ရည်ရှိအောင်ကျိုးစား…
အခွင့် အလန်းပေါ်လာရင် အင်အားရှိနေတဲ့စိတ်ကမှ
အဲဒီအခွင့်အလန်းကို လက်မလွတ်အောင် ဆုတ်ကိုင်နိုင်တယ်
ဒါကြောင့် ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်မကျပါနဲ့ သူငယ်ချင်း

commentinfo By: NC at Jan 13, 2012
Comment #2

ဒီလိုနဲ့…….
ငါ့ ဒိုင်ယာရီလေးလည်း
ပစ္စုပ္ပန်ရဲ့ ခြေရင်းမှာ
ကြေမွသွားတယ်။
..
နှစ်သက် အားပေးသွားပါသည်

commentinfo By: အသဲကွဲမိုး at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment