Professional Authors

… :D

\\\”လျှောက်နေကျလမ်းမှာ ငါအမြဲရှိတယ်\\\”

 

ကျနော့်ရင်ဘတ်ပေါ် မဖြူစင် နာမည်ပဲ ခဏခဏကြွေကျမိနေကြောင်း

စာရေးအကြောင်းကြားလိုက်တော့ …

လက်ဖ၀ါးပေါ်မှာ အသင့်ခူးပြီးသား ကဗျာအသီးပွင့်တွေ …

ကျနော်ဟာ မဖြူစင် ကို ပျိုးတဲ့ လယ်သမား …

စာအုပ်ထဲက ထွက်လာသမျှ ရိုင်းစိုင်းရင့်ကျက်မှုတွေသာ ဖြစ်ရဲ့ …

သိမ်းထားပါ ဆိုတာထက် အဲ့ဇာတ်ထုပ်ကို ခဏခေါက်ထား …

ခေါင်းရိုးညီတဲ့ တနေ့ ကမ္ဘာကြီးမီးလောင်တဲ့တနေ့ အဲဒီဇာတ်ထုပ်/ထုတ် ကပြကြတာပေါ့ …

အဲ့ဒီနေ့ကျရင် ကျနော့်လောက် ဘယ်သူမိုက်မလဲ မဖြူစင်ရှေ့ဘလိုင်းကြီးခေါင်းမော့ရဲတယ် …

ရင်ခွင်ကြီးကို ဖွင့်ထားတာ ကြာပြီ မဖြူစင် ဘယ်တော့မှ လာမနားခဲ့ဘူး …

ရင်ကွဲပက်လက်ထဲကို မျှော်လင့်ခြင်းပြိုင်းပြိုင်းတွေကို ခပ်စိပ်စိပ် စီရီထားလိုက်တော့

အလွမ်း … ဆိုတာ လူကြားကောင်းတဲ့ ရောဂါဖြစ်ကြောင်း …

ကိုယ့်မြင်း ကိုယ်စိုင်းတာပဲ စစ်ကိုင်းက ဘယ်ရောက်ရောက်ပေါ့

မဖြူစင်အနားေ၇ာက်ဖို့ …

တနေ့တလံ ခြေသံက လုံပါတယ် လျှောက်ရင်းလျှောက်ရင်း မဖြူစင် အသံက တဖြည်းဖြည်း ကျယ်လာသလိုပဲ …

နဖူးပြင်ပေါ်က မိုးသီးတွေ ပြုတ်ကျ

နှမြောပါတယ် ဆိုမှ

သုံးစွဲလိုက်မိတဲ့ ပြက္ခဒိန်ဇယားတွေ …

မဖြူစင် နဲ့ မသက်ဆိုင်တော့ပါဘူးဆိုမှ သက်ဆိုင်မှုက

မသက်ဆိုင်မှုလို လို သက်ဆိုင်မှုလိုလို … ဘာလို လို ညာ လို လို ဘယ် လို လို …

လိုနေတာက သူမ နာမည် ရည်ရွတ်လိုက်ရုံနဲ့ ရလာတဲ့ သတ္တိအစိုင်အခဲတွေ …

In: ကဗျာ Posted By: Date: Jan 7, 2012
Comment #1

အရမ်းကို အဖြစ်တွေတူနေတာ
လေးစားစရာပါပဲ
ကျွန်တော်ကတော့ မွန်မွန်
ခင်ဗျားကဖြူစင်
ကောင်းလိုက်တာဗျာ

commentinfo By: yaewintaung at Jan 7, 2012
Comment #2

wow,,,really amazing,,,
really get powerful if u speak out her name?
anyway,,i m interested…i’ll try now.
he,,he,,
thz for ur idea naw,

commentinfo By: ei lay at Jan 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment