Professional Authors

” ကြယ်ကြွေညရဲ့ရင်ခုန်သံ”

” ကြယ်ကြွေညရဲ့ရင်ခုန်သံ”
ကြယ်တွေတောက်ပနေတဲ့ ညကောင်းကင်ကြီးကို
ငေးမောကြည့်ရင်း
အတွေးကမ္ဘာထဲမှာ နင့်အကြောင်းတွေသာ
တွေးတောရင်းငါ
အိပ်စက်မရတဲ့ ညတွေမှာ
ယောင်ချာချာတစ်ယောက်ထဲပါ။
ရုတ်တစ်ရပ် ကြယ်ကြွေကြလာ
ဆုတောင်းမိတာ နင်နဲ့နီးစေဖို့ပါ။
ကြယ်ကြွေညရဲ့ရင်ခုန်သံ ခံစားမှုကို
ငါတစ်ယောက်သာ အသိဆုံးနေမှာပါ။
ရင်ခုန်သံစည်းချပ်နဲ့ တစ်ပြိုင်နက်
မျက်ရည်ဝဲလည် ငါ့မျက်ဝန်းမှာ
ဝေးသွားမှာကိုသာ အကြောက်ဆုံးပါ။

In: ကဗျာ Posted By: Date: May 20, 2010
Comment #1

so so nice,
i love both title & poem so so much,
😛

commentinfo By: ei lay at Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment