Professional Authors
ချစ်သူ ……
ငါနင့်ကို စိတ်ဝင်စားကာစမှာ
နင့် ဆီက ခင်မင်မှု ရင်းနှီးမှုတွေ ရတယ်
ငါ နင့်ကို မျှော်လင့်မိလာတော့ 
နင့်ရဲ့ စိတ်ဝင်စားမှုကို ငါရတယ်
နင့်နှုတ်ဖျားက ချစ်စကားနဲ့ တင်
ရင်ခုန် ကာ ချစ်မိခဲ့တယ်
ငါသေချာချစ်မိချိန်ကျ
နင့်ရဲ့ ပထမဆုံးရင်ခုန်သံ ကို ငါရခဲ့ တယ်
ငါ့ဘက်က ဂရုတစိုက် အလိုလိုက်ပြီး
ကြင်နာပေးချိန်မှာ
နင့်ရင်ထဲ က အချစ်ကို ငါရတယ်
ငါ့ကိုယ်ငါထက် ပိုချစ်မိချိန်ကျ
မ’ ကို သိပ်ချစ်ပါတယ် ဆိုတာအပြင်
ဒဏ်ရာတွေပါ လက်ဆောင်ရခဲ့ တယ်
နာကြင်စွာနဲ့ ငိုကြွေးချိန်ကျ
စာနာကာ ကြင်နာစွာနဲ့ 
ပို ချစ်ကာ နားလည်ပေးတာတွေ ရတယ်
တဘ၀လုံးစာအချစ်တွေ
ပေးပြီးတဲ့ ခုချိန်မှာ
ငါထပ်ရနိုင်တာက
In: ကဗျာ Posted By: Date: Dec 31, 2011
Comment #1
………………။….။ ။
commentinfo By: SoFarAwayFromU at Dec 31, 2011
Comment #2
wow,,,
so nice,
wow,,,bravo,,,bravo,
commentinfo By: ei lay at Dec 31, 2011
Comment #3
အရမ်းကြိုက်တယ် ။ အရမ်းရမ်းကိုကြိုက်တယ်။
commentinfo By: မေဦး at Jun 11, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment