Professional Authors

နင့်လူနဲ. ငါ တွေ.ချင်တယ်

နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်တို.ကို မနှောက်ယှက်ပါဘူး
ငါပြောစရာလေးတွေရှိလို. ……..

နင့်လူနဲ. ငါ တွေ.ချင်တယ်
နင် ကန်စွန်းရွက်ကြော် ကြိုက်တာ ပြောပြဖို.
နင်စိတ်ကောက်ရင်
ချော့တာထက် ဘေးမှာငြိမ်ငြိမ်လေးနေတာ
ပိုထိရောက်ကြောင်း ပြောပြဖို.။

နင့်လူနဲ. ငါ တွေ.ချင်တယ်
ဆောင်းတွင်းရောက်ရင်
နင့် လက်ဖ၀ါးလေးတွေ ယားတတ်တာဂရုစိုက်ပေးဖို.
နင့်နားပေါက်တွေက
သံထည်တွေပန်ရင် ယောင်တတ်တာပြောပြဖို.။

နင့်လူနဲ. ငါ တွေ.ချင်တယ်
အချိန်ရရင်
နင့်ဆံပင်ကြမ်းတွေ ရွေးနှုတ်ပေးဖို.
(နင်သွားကိုက်တတ်တာတော. မပြောတော့ဘူး
သူကုတတ်မှာပါ 😛 )

နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်ဆိုင်ကယ် အမြန်မောင်းတာ သတိပေးခိုင်းဖို.
အစာမှားရင်
နင်ဗိုက်နာတတ်တာ သိထားဖို.။

နင့်လူနဲ. ငါ တွေ.ချင်တယ်
ညည နင်နဲ.အတူ
ကြယ်တွေကို ထိုင်ကြည့်ပေးပါ ပြောမလို.
မေမြို.တက်ရင်
(ပိုက်ဆံကုန်သွားလို. တို.မ၀င်ခဲ့ရတဲ့)
ရုက္ခဗေဒ ဥယျာဉ်
ပို.ဖြစ်အောင်ပို.ဖို. မှာချင်လို.။

နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
……………………………………
……………………………………
……………………………………

In: ကဗျာ Posted By: Date: May 20, 2010
Comment #1

ဒီကဗျာလေးအရမ်းခံစားရတယ်ဗျာ။
ခံစားချက်ချင်းတူနေလို့ပဲလားမသိ။
ကျွန်တော့်ဆိုဒ်မှာလည်းလင့်ချိတ်လိုက်ပြီ။
အရမ်းကောင်းတဲ့ကဗျာလေးပါ။
ဒီကဗျာထဲက ထားခဲ့ခံရတဲ့ကောင်လေးအတွက်စိတ်မကောင်းဘူး။

commentinfo By: ဝေယံ at May 20, 2010
Comment #2

ဒီကဗျာထဲက ထားခဲ့ခံရတဲ့ကောင်လေးက Mandalay ကပဲလား?

commentinfo By: laypyay at May 20, 2010
Comment #3

တွေ့ချင်တဲ့အကြောင်း ကောင်မလေးကို လမ်းကြုံရင် ပြောပေးပါမယ်နော်။

commentinfo By: manawphyulay at May 21, 2010
Comment #4

ကြိုက်တယ်ဗျာ ။ ဒါမျိုးလေးတွေဖတ်ချင်နေတာကြာပေါ့ ။ ခံစားချက် ချင်းလည်းတူနေတယ်။

commentinfo By: ထင်လင်း at May 21, 2010
Comment #5

မန်းလေးသားရေ။
ကဗျာထဲမှာ သဲလွန်စတွေ ချန်လှချည်လားရှင်။

commentinfo By: innwathulay at May 22, 2010
Comment #6

(: ကဗျာဖတ်ပြီး ဘာပြောရမှန်းတောင်မသိတော့ဘူး …..
(: (: သဘောကျတယ် ကဗျာလေးကို …
(: (: (:

commentinfo By: melodyphyO at May 22, 2010
Comment #7

အရမ်းခံစားရတယ်
အရမ်းလဲကြိုက်တယ်
ထပ်ရေးပါအုံး
စောင့်နေလျှက်

commentinfo By: angel at May 26, 2010
Comment #8

အရမ်းကြိုက်ပါတယ် နေရာနဲ့ ပြောချင်တာလေးတွေ မတူပေမဲ့ သူ့ချစ်သူနဲ့ တွေ့ချင်သေးတယ် သူ့ရဲ့အကြောင်းလေးတွေ ပြောပြပေးချင်လို့ပါ

commentinfo By: zarlay at Jun 2, 2010
Comment #9

So Good !

commentinfo By: နောင်လ်လေး at Jun 18, 2010
Comment #10

So Good

commentinfo By: နောင်လ်လေး at Jun 18, 2010
Comment #11

so good brother.. i like it ! you did well…i want to Next to you…

commentinfo By: KhunOzone at Jun 25, 2010
Comment #12

ကြိုက်တယ်ဗျာ .. ကျွှန်တော် နဲ့ တိုက်ဆိုင်တဲ့ စာသားလေ ပြင်ပြီးကောင်မလေးကို ပေးပါရစေ ဗျာ အကို ခွင့်တောင်းပါတယ် အကို …ခွင့်ပြုပါ ..

commentinfo By: မောင်ချင်း at Jun 25, 2010
Comment #13

အေးဟယ် လမ်းကြုံရင် ငါလည်းပြောပေးမယ်။

commentinfo By: raingirl at Jun 27, 2010
Comment #14

အရမ်းကောင်းတယ်ဗျ

commentinfo By: Lazy Poet at Jun 27, 2010
Comment #15

နင့်လူနဲ့ ငါလဲ တွေ့ချင်တယ်..:D

commentinfo By: chocolate at Jun 28, 2010
Comment #16

အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
အကိုသိပ်ချစ်တာကို ပြောပြပေးဖို့
အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
လူဆိုတာခံစားတတ်တဲ့ နှလုံးသားနဲ့သက်ရှိဆိုတာ ပြောပြဖို့
အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
သစ္စာတရားဆိုတဲ့အဓိပ္ပါယ်ကို ရှင်းပြချင်လို့
အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
အကို့ကောင်မေးလးနဲ့ ကျွန်တော်တွေ့ချင်တယ်
အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
…………………………………………..
………………………………………….

commentinfo By: naungye at Jul 16, 2010
Comment #17

မှာစရာတွေကလည်း များလိုက်တာရှင်….း))

commentinfo By: မှုံရွှေရည် at Jul 17, 2010
Comment #18

GOODY

commentinfo By: hanaapple at Jul 18, 2010
Comment #19

🙂

commentinfo By: hanaapple at Jul 18, 2010
Comment #20

ခံစားရပါတယ် …

commentinfo By: Paing at Jul 30, 2010
Comment #21

ရတုတော့ သူ့ကောင်မလေးနဲ့ မတွေ့ချင်ဘူး ။
ရိုးသားဟန်ဆောင်ထားတာကို သူရိပ်မိမှာစိုးတယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ် ရတုကတော့ ရှောင်သွားမှာ ။
မဖြစ်ဘူး ။

commentinfo By: yatu at Jul 30, 2010
Comment #22

ဟိဟိ… ဒီပုံတိုင်းသာဆိုရင် ပါတီခွဲရတော့မယ်..
တွေ့ချင်သူတွေက တစ်ပါတီ
မတွေ့ချင်သူတွေက တစ်ပါတီ ဆိုပြီး .. ဟိဟိ 😛

commentinfo By: ဖြိုးဖြိုး at Jul 30, 2010
Comment #23

ရတု မှားသွားရင် sorry နော် ။
တကယ်တော့ ကဗျာလေးက နားလည်လွယ်ပြီး နှစ်သက်စရာပါ ။
ရတုရဲ့ ခံစားချက်နဲ့ တိုက်ပြီးပြောမိတာ အားနာပါတယ်။
ကဗျာ အနှစ်သာရလေးတော့ မပျက်စေချင်ပါဘူး ။
တွေ့ ခွင့်ရပြီး မှာချင်တာလေးတွေ ပြောခွင့်ကြုံပါစေ၇ှင်။

commentinfo By: yatu at Jul 31, 2010
Comment #24

တွေ.ချင်သူလည်းမှန်ပါတယ်
မတွေ.ချင်သူလည်းမှန်ပါတယ်
အဓိကက သူပျော်ပါစေဆိုတဲ့စိတ်တွေကိုယ်စီနဲ. မဟုတ်လား
တွေ.တော့ တမျိုးကောင်းသလို မတွေ.တော့လည်းကောင်းတာပါပဲ
သူငယ်ချင်းတစ်ယောက်ဝေဖန်သလို”ကြင်နာသယောင်နဲ. ရင်နာအောင်ပြောနေပြန်ပြီ”တဲ့
နဲနဲတော့ ရင်နာစေချင်ပါတယ်။
ဟီးဟီး…..(အမှန်အတိုင်းဝန်ခံတာပါ)

commentinfo By: mawni at Jul 31, 2010
Comment #25

ဟွန်းနော်
မောနီနော်
ကိုယ်တိုင်ရေးပြီး
နှစ်မျိုးမခွဲနဲ့

commentinfo By: chocolate at Aug 4, 2010
Comment #26

ကိုမော်နီ..
တိုက်ဆိုင်မူတွေတိုင်းမှာ…
ဒဏ်ရာတွေ..တူညီတာကို..
ဒီကဗျာလေးနဲ့  သက်သေပြတာ
ကျေးဇူးတင်ပါတယ်ဗျာ….

commentinfo By: နေ၀န်း at Sep 4, 2010
Comment #27

အရမ်းကောင်းပါတယ်ဗျာ။

commentinfo By: wanakyaw at Sep 5, 2010
Comment #28

နင်လူနဲ့ငါတွေ့ချင်တယ်။
နင်ခွေးသားကြိုက်တာပြောပြမလို့။
နင်အိပ်ရင် အ၀တ်အစားတခြား
လူတခြားဖြစ်သွားတတ်တာသတိပေးမလို့။
နင်လူနဲ့ငါတွေ့ချင်တယ်။
နင့်ပေါင်မှာ မှဲ့တစ်လုံးပါတာပြောပြမလို့။
လပြည့်ညသန်းခေါင်ယံတိုင်း
နင်ဝက်ရူးပြန်တတ်တာ ဂရုစိုက်ခိုင်းဖို့။

😀
စတာနော် ကိုမော်နီ။
ကဗျာလေးကိုကြိုက်ပါတယ်။

commentinfo By: ငရှိန်း at Sep 6, 2010
Comment #29

အရမ်းကောင်းပါတယ် ကဗျာလေးတွေက ကဗျာတွေအများကြီးရေးနိုင်ပါစေ

commentinfo By: yuyakhin at Sep 11, 2010
Comment #30

အရမ်းကောင်းပါတယ်..ခံစားချက်ချင်းတူနေလို့လားပဲ

commentinfo By: nutheingihtun at Oct 6, 2010
Comment #31

myat yee taung we` mi par tae

commentinfo By: Mya Tin Htun at Oct 15, 2010
Comment #32

အရမ်းကောင်းတယ်ဗျာ ပြောတောင်မပြနိုင်တဲ့ စကားလုံးတွေရွေးထုတ်နိုင်တာ တော်တော်ကောင်းပါတယ်……..

commentinfo By: မုဆိုး at Nov 20, 2010
Comment #33

ဘယ်လိုပြောရမှန်းမသိဘူး……………..
ကိုယ် …ဆိုရင်တော့..တွေ့ချင်တယ်….မင်းအကြောင်းလေးတွေပြောပြချင်တယ်
ပြီးတော့….. “ပျော်နေရဲ့လားလို့” လဲမေးချင်တယ်

commentinfo By: အသဲကွဲမိုး at Nov 24, 2010
Comment #34

နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်တို.ကို မနှောက်ယှက်ပါဘူး
ငါပြောစရာလေးတွေရှိလို. … that is enough !

commentinfo By: yelinsat at Jan 4, 2011
Comment #35

🙂 i like

commentinfo By: yelinsat at Jan 4, 2011
Comment #36

so nice,,
ei lay ka dot ma tway ye bu,,kyauk de,,

commentinfo By: ei lay at Feb 12, 2012
Comment #37

ကောင်းလိုက်တဲ့ကဗျာ
ဒါပေမယ့် ဆံပင်ကြမ်းရွေးနှုတ်တာက ဘယ်ကပါလာတာတုန်းဗျ ရှင်ချင်တယ် 🙂 ( just kidding)
ကဗျာလေး အတွေးအခေါ်ဆန်းကြယ်သဗျ
နှစ်သက်တယ် ဒီကဗျာလေးကို ။

commentinfo By: X - ray at Feb 16, 2012
Comment #38

အရမ်းကိုတူတယ်ဗျာ ကျွန်တော်လည်းတော်တော်ခံစားရပါတယ်

commentinfo By: ထူးလေး at May 21, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment