Follow us on Facebook Follow us on Twitter Subscribe RSS Feed

Professional Authors

PoemsCorner Authors

လူကြီးဖြစ်လာတဲ့အတွေးထဲကဆောင်း

နှင်းစက်တွေမတင်မကျ
မှုန်လွလွဆောင်း
မြောက်ပြန်လေဆော်သွေး
ထရံကာ အိမ်ငယ်လေး
ကိုယ့်မှာတော့မနွေး
နှင်းမှုန်ကြားကအလုပ်သွား အဖေ့ကိုသနား
ခုတော့နားပါတော့ဗျာ
ခပ်ပါးပါးစောင်အနည်းငယ်
တိုးပြုံခွေ့ လုယူဆွဲ
ဆောင်းတွင်းဆို အမေကလိုက်ခြုံ
မောင်နှမတွေ ပူးကပ်ထား
ဆေးဖိုးက ကြီးသော်လည်း
ထမင်းအိုးက ပိုနက်ခဲ့တယ်
အမေရေ..သားတော့လူကြီးဖြစ်လာပြီ ။
တစ်ဆောင်းပြီးတစ်ဆောင်းသစ်လာ
ဗိုလ်ချုပ်က ကန်စောင်းကအကြော်သည်ကိုသနားခဲ့
နိုင်ငံတကာမှာ ဆောင်းတွင်းဆို အိမ်ရာမဲ့တွေကိုသနားခဲ့
ခုဆို တောတွင်းက စစ်ပြေးညီအစ်ကိုမိသားစုတွေရော???
အားလုံးအတွက်ပါ
ငြိမ်းချမ်းရေးတံခါး ဘယ်သူဖွင့်မလဲ
လူမှုဘ၀မြင့်မားဖို့လိုအပ်တယ်
ဘ၀ကမနွေးထွေးသေးပေမယ့်
ဆောင်းရောက်တိုင်းတော့
အားလုံးလုံခြုံနွေးထွေးကြပါစေ ။   ။

In: ကဗျာ Posted By: Date: Dec 30, 2011
Comment #1

ဒီကဗျာလေး ဖတ်ရတာ ဟင်းချိုပူပူလေးတစ်ခွက်သောက်လိုက်ရသလို ရင်ထဲနွေးသွားတာဘဲဗျ
ကဗျာဆရာ လက်စွမ်းထက်ပါပေတယ် ~~

commentinfo By: X - ray at Dec 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Contributors

Most Commentators

  • ei lay (11428)
  • အသဲကွဲမိုး (2689)
  • May Kha (1979)
  • poem.poem28 (1697)
  • လုလင်ငယ်သွေး (1112)