Professional Authors

ဒီဇင်ဘာ

အားလုံးနီးပါး ပျော်ရွှင်နေတဲ့ မြူနှင်းတွေကြားက ဒီဇင်ဘာ
ခရစ်စမတ်သီချင်းသံတွေ ပျံ့လွှင့်နေတဲ့ ဟောဒီ ဒီဇင်ဘာ
အားလုံးအတွက် ဖွဲ့နွဲ့စရာတွေပြည့်နေတဲ့ ကြည်နူးမှုအပြည့်နဲ့ ဒီဇင်ဘာ
ငါ့အတွက်တော့ အထီးကျန်မှုတွေ တနင့်တပိုး
အသားမသေသေးတဲ့ ဒဏ်ရာ ဗရဗွနဲ့
ပျော်ရွှင်မှုဆိုတာ ဆိတ်သုန်းလို့
မင်းနဲ့အတူ လျှောက်လှမ်းမယ်ဆိုတဲ့ ခရစ်စမတ်တစ်ညအတွက်တော့
အခန်းထောင့်မှာ ငါတစ်ယောက်ထဲ တိတ်တဆိတ်မျက်ရည်ဝေလို့
မြန်မြန်ကုန်ဆုံးပါတော့ ဒီဇင်ဘာရယ်လို့
တိုးတိုးတိတ်တိတ် ဆုတောင်းမိလေရဲ့…
အသားမသေသေးတဲ့ ဟောဒီ ရင်ဘတ်ထဲက ဒဏ်ရာကိုမှ ပိုတိုးလို့ နာကျင်စေတာလား
ဒီဇင်ဘာရယ်………..

In: ကဗျာ Posted By: Date: Dec 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment