Professional Authors

ကျွန်မရဲ့ဒိုင်ယာရီ (၂)

ဘာဆင်ခြေမှမရှိဘဲ နင့်ကိုသတိရတယ်

ဘာလိုလိုနဲ့ ငါတို့နှလုံးသားခြင်း

အဆက်အသွယ်မလုပ်ဖြစ်တာ အတော်ကြာပေါ့

 

အလွမ်းဟာ

နာတာရှည်ရောဂါတစ်ခုလို

နှလုံးသားမှာ အမြစ်တွယ်နေတယ် ချစ်သူ

 

ငါမစိုက်ပျိုးခဲ့တဲ့အဲဒီတောင်ယာက

အလွမ်းပျိုးပင်တွေရဲ့ ရှင်သန်ကြီးထွားနှုန်းဟာ

မျက်စိတမှိတ်အတွင်း လျင်မြန်လွန်းနေခဲ့တယ်

 

တကယ်တော့

သူ့နှစ်လုံးသားဆီ အရောက်သွားဖို့

အချောမွေ့ဆုံးလမ်းကိုရွေးချယ်ခဲ့တာပါ

ခက်တာက အဲဒီလမ်းက တစ်တောလုံးဆူးထနေခဲ့တယ်

 

အချစ်ကို

ရေးတက်ဖတ်တက်ဖို့

ပညာဘယ်လောက်များများ ငါ သင်ယူဖို့လိုအုံးမလဲ … ?

 

ထင်ထားခဲ့တာက

အဲဒါဟာ တဒင်္ဂလမ်းခွဲခြင်းလို့

တနေ့ထက်တနေ့ သေချာသထက် သေချာခဲ့တာက

(အမှတ်မထင်) ထာဝရတည်မြဲဖို့ဖြစ်သွားခဲ့တယ်

 

အရှင်ဘုရား

တပည့်တော်ဟာ စတွေ့သည်မှစ

အကြင်သူအား တစ်စုံတစ်ခုသောအကြောင်းကြောင့်

မလှည့်စားခဲ့ပါ ဘုရား

 

ဤသစ္စာစကားကြောင့်

အကြင်သူဟာ အပူသောကဟူသမျှ ကင်းစင်

ခလုတ်မထိ ဆူးမငြိပါစေနဲ့ ဘုရား ။  

 

နတ်သမီး

In: ကဗျာ Posted By: Date: Dec 27, 2011
Comment #1

tit sar so de,,,
ta ke pe lar shin?

commentinfo By: ei lay at Feb 28, 2012
Comment #2

read again par.

commentinfo By: ei lay at Apr 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment