Professional Authors

ဘာမှန်းမသိတဲ့

ဘယ်သူမှန်းမသိဘဲ ချစ်ခဲ့မိတဲ့ အချစ်တွေ
ဘယ်ကမှန်းမသိဘဲ စွဲလန်းခဲ့တဲ့ စွဲလန်းခြင်းတွေ
ဘယ်လိုမှန်းမသိဘဲ တမ်းတခဲ့တဲ့ တမ်းတခြင်းတွေ
ဘာကြောင့်မှန်းမသိဘဲ လွမ်းဆွတ်မိတဲ့ အလွမ်းဒဏ်ရာဒဏ်ချက်တွေ
ဘာ့အတွက်မှန်းမသိဘဲ စောင့်ဆိုင်းမိတဲ့ မျှော်လင့်ခြင်းတွေ
ဘယ်လိုပဲဖြစ်ဖြစ်ဆိုတဲ့ ခွင့်လွှတ်ခြင်းတွေ

နောက်ကွယ်က
လက်ညိုးထိုးပြီး လှောင်ပြောင်ရယ်မောနေတဲ့ နှုတ်ခမ်းဖျားတွေ
ချိုမြမြအပြုံးအောက်က အစွယ်ဖွေးဖွေးတွေ
ကမ်းလင့်နေတဲ့ လက်တစ်စုံနောက်ကွယ်က အဆိပ်သုတ်လိမ်း
ထိုးစိုက်ကြမယ့် ဓါးရောင်ဖွေးဖွေးတွေ
ကြင်နာသယောင် မျက်ဝန်းညိုတစ်စုံအောက်က စူးစူးရဲရဲ အမုန်းမီးလျံတွေ

ဘာကိုခံစားမှန်းမသိ
ဘာကိုဝမ်းနည်းမှန်းမသိ
ဘာမှန်းမသိတဲ့ငါ့ခံစားချက်တွေနဲ့
မင်းတို့အကုန်သိတဲ့ မင်းတို့ဇာတ်လမ်းတွေမှာ
နှလုံးသွေးနဲ့ ကပြခဲ့မိတဲ့ ငါ့ရဲ့ေ-ာက်ရူးလုံးလုံးအဖြစ်တွေကိုမေ့ဖို့
ဘယ်သူမှမသိတဲ့ ဘယ်သူမှမရှိတဲ့
လောကတစ်နေရာကို ထွက်ပြေးဖို့ ငါ အကြိမ်ကြိမ်ကြိုးစားနေမိတယ်….

In: ကဗျာ Posted By: Date: Dec 27, 2011
Comment #1

huh,,,
phyit tat par de kwe.

commentinfo By: ei lay at Apr 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment