Professional Authors

“ ကျွန်တော်နဲ့ ကျွန်တော် ”

လမင်းက …

ကျွန်တော့်ကို လာဖတ်တယ် ။

သူကတော့ ဘာကိုသိသွားလဲမသိဘူး ။

( ခပ်ထေ့ထေ့ပြုံးလို့ )

မင်း ရှုံးတော့မယ်တဲ့

 

သူ့လို ကျွန်တော်မပြုံးတတ်ဘူး ။

ညလို ဟားတိုက်မယ် ။

 

ကိုယ့်အချိန်တောင် ကိုယ်မယုံကြည်ရတဲ့ဘဝ

ဘာတွေကို ယုံကြည်ရမလဲ … ။

 

ခင်ဗျားက တည်တည်ကြည်ကြည်လမင်းတဲ့လား

ခင်ဗျားကိုလည်း ကျွန်တော်ငြင်းတယ် ။

 

စဉ်းစားနိုင်သလောက်တော့ စဉ်းစားကြမပေါ့ ။

လှုပ်ရှားနိုင်စွမ်းရှိသလောက်တော့ လှုပ်ရှားကြမပေါ့ ။

 

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့ကြားမှာရှိနေသေးသ၍

ကျွန်တော် မရှုံးသေးဘူး

ထပ်ခါထပ်ခါ ရုန်းမယ်

အဲဒီ့ နွံတွေမဆုံးသေးသ၍ . . . . .

In: ကဗျာ Posted By: Date: Dec 25, 2011
Comment #1

ရုန်းရမှာပေါ့ဗျာ

အားပေးပါတယ်

commentinfo By: မောင်ချမ်းအေး at Dec 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment