Professional Authors

“ရုပ်ရှင်”

“ရုပ်ရှင်”

ဝေးကွာတယ်ဆိုတာ
ဘိုးတံပျောက်သွားတဲ့
တယောငယ်လေးပါပဲ။

လက်ပြနှုတ်ဆက်ခြင်းဟာ
ခွဲခွါခြင်းနဲ့ ပြန်လည်ဆုံဆည်းခြင်း ကြားက
ပေါင်းကူးတံတားလေးဖြစ်တယ်ဆို
ငါတို့
နှုတ်ဆက်ဖို့မလိုတော့ပါဘူး ညီမလေးရေ။

ချစ်ခြင်းမေတ္တာတွေကို
သဂြိုလ်လိုက်ပါစို့။
မီးခိုးမျှင်တွေထဲမှာ
မျှော့်လင့်ချက်အပိုင်းစလေးတွေလိုက်မရှာစတမ်း..။
ကြွင်းကျန်ရစ်သော ပြာစများ
မျက်ရည်စက်တို့နဲ့အတူစီးမျောသွားပါစေလေ..။
မီးတွေအားလုံးဖွင့်လိုက်တဲ့အခါ
…………………………..
…………………………..
“ပြီးပါပြီ”။

In: ကဗျာ Posted By: Date: Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment